လူ၏ပြင်ပမှ လာ၍ လူအတွင်းသို့ ဝင်သောအရာသည် လူကို မညစ်ညမ်းစေပါ။ သို့သော် လူ့စိတ်နှလုံးမှ ထွက်လာသောအရာများသည်သာ လူကို ညစ်ညမ်းစေ၏။
ရှင်မာကု 7:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စသည့် ဆိုးညစ်သောအရာများသည် စိတ်နှလုံးမှ ထွက်လာ၍ လူကိုညစ်ညမ်းစေသည်” ဟု မိန့်တော်မူ၏။ Common Language Bible အစရှိသောဆိုးညစ်သည့်အရာအားလုံးတို့ သည် လူကိုယ်တွင်းမှထွက်လာ၍လူကိုညစ်ညမ်း စေ၏။'' ဟုမိန့်တော်မူ၏။ Garrad Bible ထို အ ရာ ခပ် သိမ်း သည် အ တွင်း က ထွက် လာ၍ လူ ကို မ သန့် အောင် ပြု သ တည်း ဟု မိန့် တော် မူ၏။ Judson Bible ဤဆိုးညစ်သော အရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။ မြန်မာ ဤဆိုးညစ်သော အရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။ |
လူ၏ပြင်ပမှ လာ၍ လူအတွင်းသို့ ဝင်သောအရာသည် လူကို မညစ်ညမ်းစေပါ။ သို့သော် လူ့စိတ်နှလုံးမှ ထွက်လာသောအရာများသည်သာ လူကို ညစ်ညမ်းစေ၏။
ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ လူ့အတွင်းသို့ ဝင်သမျှသောအစာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့မသိကြသလော။
သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊
ထို့နောက် ယေရှုသည် ဂါလိလဲပြည်မှ ထွက်ခွာတော်မူ၍ တိုင်ရာမြို့၏ အရပ်ဒေသသို့ ကြွတော်မူကာ အိမ်တစ်အိမ်သို့ ဝင်တော်မူ၏။ ထိုအိမ်၌ တည်းခိုနေတော်မူကြောင်း မည်သူ့ကိုမျှ သိစေလိုတော်မမူပေ။ သို့သော်လည်း ပုန်းရှောင်တော်မူ၍ မရပေ။
တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးလျှင် ဘုရားသခင်သည် ထိုသူကို ဖျက်ဆီးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြသောကြောင့် ဖြစ်၏။
နှလုံးသားဖြူစင်သူတို့အတွက် အရာအားလုံးသည် စင်ကြယ်၏။ သို့သော် ညစ်ညူး၍ ခရစ်တော်ကို မယုံကြည်သူတို့အတွက် မည်သည့်အရာမျှ မစင်ကြယ်။ သူတို့၏ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ညစ်ညူး၏။
ထိုနည်းတူ ဘုရားသခင်ထံမှ အိပ်မက်ရသည်ဟု မိမိကိုယ်ကိုယ်မှတ်ယူသူများသည် မိမိတို့၏ ကိုယ်ခန္ဓာကို ညစ်ညမ်းစေ၍ အာဏာတော်ကို ဖီဆန်လျက် ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုကြ၏။