ယေရှုက “သင်တို့တွင် မုန့်မည်မျှရှိသနည်း” ဟု မေးတော်မူသော် “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်” ဟု လျှောက်ကြ၏။
ရှင်မာကု 6:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့တွင် မုန့်မည်မျှရှိသနည်း။ သွား၍ ကြည့်ကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း တွေ့သောအခါ “မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်” ဟု လျှောက်ကြ၏။ Common Language Bible ကိုယ်တော်က ``သင်တို့ထံတွင်အစားအစာမည် မျှရှိသနည်း။ သွား၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ သူတို့သည်ကြည့်၍တွေ့သောအခါ ``မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်ရှိပါသည်'' ဟုလျှောက်ကြ၏။ Garrad Bible သင် တို့ တွင် မုန့် ဘယ် နှစ် လုံး ပါ ရှိ သ နည်း။ သွား ၍ ကြည့် ကြ ဟု မိန့် တော် မူ သည့် အ တိုင်း သိ ကြ သော် မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ပါ ရှိ ပါ သည် ဟု ပြန် လျှောက် ကြ၏။ Judson Bible ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန်၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့၌ မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။ မြန်မာ ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန်၏။- |
ယေရှုက “သင်တို့တွင် မုန့်မည်မျှရှိသနည်း” ဟု မေးတော်မူသော် “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်” ဟု လျှောက်ကြ၏။
သို့သော်ယေရှုက “ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့က “အကျွန်ုပ်တို့သည် သွား၍ ငွေဒင်္ဂါးပြားနှစ်ရာဖြင့် မုန့်ကိုဝယ်ကာ သူတို့အား ကျွေးရပါမည်လော” ဟု ဖြေဆိုကြ၏။
ထို့နောက် ယေရှုက လူထုပရိသတ်တို့ကို မြက်ခင်းပေါ်တွင် အုပ်စုဖွဲ့၍ ထိုင်စေရန် တပည့်တော်တို့ကို မိန့်တော်မူ၏။
ယေရှုက “သင်တို့တွင် မုန့်မည်မျှရှိသနည်း” ဟု မေးတော်မူသော် “မုန့်ခုနစ်လုံးရှိပါသည်” ဟု လျှောက်ကြ၏။
သို့သော် ယေရှုက “ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ရှိပါသည်။ ဤလူအားလုံးအတွက် အစားအစာများကို သွား၍ ဝယ်ရပါမည်လော” ဟု လျှောက်ကြ၏။
“မုယောမုန့် ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ယူလာသည့် ကလေးငယ်တစ်ဦးရှိပါ၏။ သို့သော်လည်း ဤလူအုပ်ကြီးအတွက် ထိုမုန့်နှင့်ငါးသည် မည်သို့လုံလောက်ပါမည်နည်း” ဟု လျှောက်လေ၏။