ထို့နောက် ယေရှုသည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်ကာ မိမိနေရပ်မြို့သို့ကြွတော်မူ၏။
ရှင်မာကု 5:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့် ကူးပြန်၍ အိုင်နားတွင် ရှိတော်မူစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာ၏။ Common Language Bible သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊- Garrad Bible ယေ ရှု သည် တစ် ဖက် ကမ်း သို့ လှေ စီး၍ ကူး တော် မူ ပြန် သော် ကိုယ် တော့် ထံ ကြီး စွာ သော လူ ပ ရိတ် သတ် စု ရုံး လာ ရောက် ကြ၏။ အိုင် နား တွင် ရှိ နေ တော် မူ စဉ်၊ Judson Bible ယေရှုသည် ကမ်းတစ်ဖက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် လှေဖြင့် တစ်ဖက်ကမ်းသို့ ပြန်၍ကူးတော်မူရာ များစွာသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြ၏။ ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင်ရှိနေတော်မူစဉ် မြန်မာ ယေရှုသည် ကမ်းတစ်ဖက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။- |
ထို့နောက် ယေရှုသည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်ကာ မိမိနေရပ်မြို့သို့ကြွတော်မူ၏။
တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
ထို့ကြောင့် တပည့်တော်တို့သည် လူထုပရိသတ်ကို ချန်ရစ်၍ ကိုယ်တော်ရှိနေတော်မူသည့် လှေပေါ်သို့ တက်ကာ ထွက်ခွာကြ၏။ အခြားလှေများလည်း လိုက်ပါကြ၏။
ကိုယ်တော်သည် လှေပေါ်မှ ဆင်းတော်မူသောအခါ နတ်ဆိုးပူးသောလူတစ်ဦးသည် ကိုယ်တော်နှင့် တွေ့ဆုံရန် သင်္ချိုင်းဂူများအကြားမှ ထွက်လာ၏။
ယေရှုသည် အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူသောအခါ လူအုပ်ကြီးသည် ခရီးဦးကြိုပြုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။