သန့်ရှင်းစင်ကြယ်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပေးလျှင် သူတို့သည် သင်တို့ဘက်သို့ လှည့်ကာ ကိုက်ကြလိမ့်မည်။ ပုလဲရတနာများကို ဝက်တို့ရှေ့မှာ မချထားနှင့်။ ချထားလျှင် သူတို့သည် ထိုပုလဲတို့ကို ခြေဖြင့် နင်းသွားကြလိမ့်မည်။
ရှင်မာကု 5:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့သည် ထိုလူအထဲမှ ထွက်ကာ ဝက်များအထဲသို့ ဝင်ကြသဖြင့် အရေအတွက်အားဖြင့် နှစ်ထောင်ခန့်ရှိသော ဝက်အုပ်ကြီးသည် တောင်ကုန်းပေါ်မှ အိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။ Common Language Bible ကိုယ်တော်သည်ခွင့်ပြုတော်မူ၏။ ညစ်ညမ်းသော နတ်တို့သည် ထိုလူ၏ထံမှထွက်ခွာ၍ဝက်များ ကိုပူးဝင်ကြ၏။ ကောင်ရေနှစ်ထောင်ခန့်ရှိသော ထိုဝက်အုပ်သည်ချောက်ကမ်းပါးအတိုင်းအိုင် ထဲသို့ပြေးဆင်းလျက်နစ်မြုပ်ဆုံးပါးကြ ကုန်၏။ Garrad Bible နတ် ဆိုး များ သည် ထွက် ခွာ ပြီး လျှင် ဝက် အုပ် ထဲ သို့ ဝင် ကြ သ ဖြင့် ကောင် ရေ နှစ် ထောင် ခန့် ရှိ သော ထို ဝက် အုပ် သည် ကမ်း စောက် ကို တစ် ဟုန် တည်း ပြေး ဆင်း၍ အိုင် တွင် နစ် မွန်း သေ ဆုံး ကြ၏။ Judson Bible ယေရှုသည် ချက်ချင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည်လည်း ခွင့်ပြုတော်မူသဖြင့် ညစ်ညူးသောနတ်တို့သည်ထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ နှစ်ထောင်ခန့်ရှိသောဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း ပင်လယ်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ပင်လယ်ထဲ၌ ရေနစ်သေဆုံးကြကုန်၏။ မြန်မာ ယေရှုသည် ချက်ချင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။- |
သန့်ရှင်းစင်ကြယ်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပေးလျှင် သူတို့သည် သင်တို့ဘက်သို့ လှည့်ကာ ကိုက်ကြလိမ့်မည်။ ပုလဲရတနာများကို ဝက်တို့ရှေ့မှာ မချထားနှင့်။ ချထားလျှင် သူတို့သည် ထိုပုလဲတို့ကို ခြေဖြင့် နင်းသွားကြလိမ့်မည်။
ယေရှုက “သွားကြလော့” ဟု မိန့်တော်မူ၏။ ထို့ကြောင့် နတ်ဆိုးတို့သည် ထိုသူတို့အထဲမှ ထွက်၍ ဝက်အုပ်ထဲသို့ ဝင်ကြ၏။ ထိုဝက်တစ်အုပ်လုံးသည် မတ်စောက်သောတောင်စောင်းအတိုင်း အိုင်ကမ်းပါးသို့ တစ်ဟုန်ထိုးပြေဆင်း၍ ရေနစ်သေဆုံးကြ၏။
ထိုအခါ နတ်ဆိုးက “အကျွန်ုပ်တို့ကို ထိုဝက်များထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ပြန်၏။
ဝက်ကျောင်းသောသူတို့သည် ပြေး၍ ထိုသတင်းကို မြို့ရွာတို့တွင် ပြောပြကြ၏။ ထို့ကြောင့် လူတို့က မည်သို့ဖြစ်ပျက်သည်ကို ကြည့်ရန် ထွက်လာကြ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
သူတို့၏ရှင်ဘုရင်မှာ တွင်းနက်ကြီး၏ကောင်းကင်တမန်ဖြစ်၏။ သူ၏ အမည်မှာ ဟေဗြဲဘာသာဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာဖြင့် အပေါလျုန် ဖြစ်၏။