ထို့နောက် ယေရှုသည် တပည့်တော်တို့ကို လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်သို့ သွားနှင့်စေတော်မူ၏။ တစ်ချိန်တည်းတွင် လူထုပရိသတ်တို့ကိုလည်း ပြန်လွှတ်တော်မူ၏။
ရှင်မာကု 4:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့ ညနေရောက်သောအခါ ယေရှုသည် တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ Common Language Bible ထိုနေ့၌ပင်ညနေချမ်းအချိန်ကျရောက်လာ သောအခါ ကိုယ်တော်ကတပည့်တော်တို့အား ``အိုင် တစ်ဖက်ကမ်းသို့ကူးကြကုန်အံ့'' ဟုမိန့်တော်မူ၏။- Garrad Bible ထို နေ့ ည နေ ချမ်း အ ချိန် ရောက် သော် တစ် ဘက် ကမ်း သို့ ကူး သွား ကြ ကုန် အံ့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်က“တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ မြန်မာ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊- |
ထို့နောက် ယေရှုသည် တပည့်တော်တို့ကို လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်သို့ သွားနှင့်စေတော်မူ၏။ တစ်ချိန်တည်းတွင် လူထုပရိသတ်တို့ကိုလည်း ပြန်လွှတ်တော်မူ၏။
ယေရှုသည် မိမိပတ်လည်၌ရှိသော လူထုကို မြင်တော်မူလျှင် တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ ကူးရန် ညွှန်ကြားတော်မူ၏။
ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့် ကူးပြန်၍ အိုင်နားတွင် ရှိတော်မူစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာ၏။
ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို ပြန်လွှတ်တော်မူစဉ် တပည့်တော်တို့ကိုလည်း လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်၌ ရှိသော ဗက်ဇဲဒမြို့သို့ သွားနှင့်စေတော်မူ၏။
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ လှေပေါ်သို့ တစ်ဖန် တက်ပြီးလျှင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် လှေပေါ်သို့ တက်၍ ရွက်လွှင့်ကြ၏။
ကိုယ်တော်က သူတို့အား “သင်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့၍ အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ သူအမိန့်ပေးသောအခါ လေနှင့်လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
မိုးချုပ်လာပြီဖြစ်သော်လည်း ယေရှုကြွမလာသေးသဖြင့် သူတို့သည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးနှင့်ကြ၏။
အိုင်တစ်ဖက်ကမ်းတွင် ယေရှုကို တွေ့ကြသောအခါ သူတို့က “ဆရာတော်… မည်သည့်အချိန်တွင် ဤနေရာသို့ ရောက်တော်မူသနည်း” ဟု မေးလျှောက်ကြ၏။