ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
ရှင်မာကု 16:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ပြန်လာ၍ ထိုသတင်းကို အခြားသောတပည့်တော်တို့အား ပြောပြကြ၏။ သို့သော် မည်သူမျှမယုံကြည်ကြချေ။ Common Language Bible သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။ Garrad Bible အ ခြား တ ပည့် တော် တို့ ထံ ပြန် သွား၍ ကြား ပြော ကြ သော် လည်း သူ တို့ စ ကား ကို မ ယုံ ဘဲ နေ သေး၏။ Judson Bible သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူနှစ်ဦးတို့သည် ကျန်သောသူတို့အား သွား၍ပြောပြကြ၏။ သို့သော် ထိုသတင်းကိုလည်း သူတို့မယုံကြချေ။ မြန်မာ သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။ |
ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
သို့သော် ယေရှု အသက်ရှင်လျက်ရှိတော်မူကြောင်းနှင့် မာရိကိုယ်တိုင် တွေ့မြင်ခဲ့ကြောင်း ကြားသောအခါ သူတို့သည် မယုံကြည်ကြချေ။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။
ထိုအခါ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့၏စကားကိုနားမထောင်ကြလျှင် သေရာမှ ပြန်ရှင်လာသောသူကိုလည်း ယုံကြည်ကြလိမ့်မည်မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
သို့သော်လည်း ထိုစကားများမှာ တမန်တော်တို့အတွက် အခြေအမြစ်မရှိသကဲ့သို့ ဖြစ်နေ၍ သူတို့သည် မယုံကြချေ။
သူတို့သည် ဝမ်းသာ၍ အံ့အားသင့်နေသောကြောင့် မယုံကြည်နိုင်သေးစဉ် ယေရှုက “သင်တို့တွင် စားစရာရှိသလော” ဟု မေးတော်မူ၏။
ထို့ကြောင့် တပည့်တော်တို့က “ငါတို့သည် သခင့်ကို မြင်ကြရပြီ” ဟု သောမအား ပြောပြကြ၏။ သို့သော် သောမက “အရှင့်လက်တော်တို့၌ သံရိုက်ရာကို မမြင်ရ၊ ထိုသံရိုက်ရာကို လက်ညှိုးဖြင့်မတို့ရ၊ နံဘေးတော်ကို လက်ဖြင့် မစမ်းရလျှင် ငါမယုံ” ဟု ဆို၏။
ထို့နောက် သင်္ချိုင်းဂူသို့ ဦးစွာရောက်သည့် အခြားတပည့်တော်သည်လည်း ဂူထဲသို့ ဝင်၍ ထိုအရာကို မြင်သဖြင့် ယုံကြည်လေ၏။