ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် ထ၍ “သင့်အား ဤသို့ စွပ်စွဲသောထွက်ဆိုချက်များကို တစ်ခွန်းမျှ မတုံ့ပြန်ဘဲနေမည်လော။ သင်၏ အမူကိစ္စနှင့်ပတ်သက်၍ မည်သို့ပြောလိုသနည်း” ဟု ယေရှုကို မေးလေ၏။
ရှင်မာကု 15:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပိလတ်မင်းက ယေရှုအား “သင်သည် တစ်စုံတစ်ရာမျှ မဖြေဘဲနေမည်လော။ သင့်အား မည်မျှစွပ်စွဲထားသည်ကို မကြားသလော” ဟု ဆို၏။ Common Language Bible သို့ဖြစ်၍တစ်ဖန်ပိလတ်မင်းကကိုယ်တော် အား ``သင်သည်မည်သို့မျှမဖြေဘဲနေပါ သလော။ သင့်အပေါ်မည်မျှအပြစ်တင်သည် ကိုကြည့်ပါ'' ဟုဆို၏။ Garrad Bible ပိ လတ် မင်း က တစ် ခွန်း တစ် ပါ ဒ မျှ မ ထု ချေ လော။ သင့် အ ပေါ် မှာ မည် မျှ အ ပြစ် စွဲ ဆို ကြ သည် ကို မှတ် သား လော့ ဟု မိန့် ဆို ပြန် သော်၊ Judson Bible တစ်ဖန် ပိလတ်မင်းက၊ သင်သည် တစ်ခွန်းကိုမျှပြန်၍ မပြောသလော။ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ပိလတ်မင်းသည် ကိုယ်တော်အား “သင်သည် တစ်စုံတစ်ခုမျှမဖြေဘဲနေသလော။ သင့်ကိုမည်မျှလောက်စွပ်စွဲနေကြသည်ကိုကြည့်ပါ”ဟု ဆို၏။ မြန်မာ တစ်ဖန် ပိလတ်မင်းက၊ သင်သည် တစ်ခွန်းကိုမျှပြန်၍ မပြောသလော။ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊- |
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် ထ၍ “သင့်အား ဤသို့ စွပ်စွဲသောထွက်ဆိုချက်များကို တစ်ခွန်းမျှ မတုံ့ပြန်ဘဲနေမည်လော။ သင်၏ အမူကိစ္စနှင့်ပတ်သက်၍ မည်သို့ပြောလိုသနည်း” ဟု ယေရှုကို မေးလေ၏။
ထိုအခါ ပိလတ်မင်းက ယေရှုအား “သူတို့သည် သင့်အား စွပ်စွဲသည့်အချက်များကို သင်သည် မကြားသလော” ဟု ဆို၏။
သို့ရာတွင် ယေရှုသည် စကားတစ်ခွန်းမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အလွန်အံ့သြလေ၏။
ပိလတ်မင်းက “သင်သည် ငါ့ကို အဘယ်ကြောင့် စကားမပြောဘဲ နေသနည်း။ သင့်ကို ငါလွတ်ပေးနိုင်သော အခွင့်အာဏာရှိသည်ကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်တွင် သတ်စေနိုင်သော အခွင့်အာဏာရှိသည်ကိုလည်းကောင်း သင်မသိသလော” ဟု မေး၏။