ဓားပြနှစ်ဦးကိုလည်း ယေရှုနှင့်အတူ လက်ယာတော်ဘက်တွင် တစ်ဦး၊ လက်ဝဲတော်ဘက်တွင် တစ်ဦး လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြ၏။
ရှင်မာကု 15:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ “သူသည် ရာဇဝတ်မှု ကျူးလွန်သူများစာရင်းတွင် ထည့်သွင်းခြင်းခံရ၏” ဟူသော ကျမ်းချက်အတိုင်း ဖြစ်လာလေ၏။ Common Language Bible (ဤသို့လျှင် ``ရာဇဝတ်မှုကူးလွန်သူများစာ ရင်းတွင်ကိုယ်တော်ပါဝင်၏'' ဟူသောကျမ်းစကား သည်မှန်၍လာတော့၏။) Judson Bible ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း [ဤသို့ဖြင့် “သူသည် တရားမဲ့သောသူတို့၏စာရင်းတွင်ထည့်သွင်းခြင်းခံရ၏”ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်လေ၏။ ] မြန်မာ ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ |
ဓားပြနှစ်ဦးကိုလည်း ယေရှုနှင့်အတူ လက်ယာတော်ဘက်တွင် တစ်ဦး၊ လက်ဝဲတော်ဘက်တွင် တစ်ဦး လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြ၏။
ဖြတ်သန်းသွားလာသူတို့သည် ခေါင်းခါလျက် “ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်မည့်သူ…
သင်တို့အား ငါပြောဆိုသည်မှာ ‘သူသည် ရာဇဝတ်ကျူးလွန်သူများ စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟူသော ကျမ်းစကားသည် ငါ၌ဖြစ်ပျက်လာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့အားရည်ညွှန်းသည့်အရာသည် ဖြစ်ပျက်လျက်ရှိနေသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။