သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
ရှင်မာကု 15:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် တရားလွှတ်တော်မှ အဖွဲ့ဝင်များအားလုံးနှင့်အတူ တွေ့ဆုံ၍ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စအတွက် တိုင်ပင်ဆွေးနွေးကြ၏။ ထို့နောက် ယေရှုကို ချည်နှောင်၍ ရောမဘုရင်ခံပိလတ်မင်းထံသို့ ခေါ်ဆောင်သွားကြ၏။ Common Language Bible နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။- Garrad Bible နံ နက် မိုး သောက် သော် ပ ရော ဟိတ် ကြီး များ၊ လူ ကြီး များ၊ ကျမ်း တတ် ဆ ရာ များ နှင့် လွှတ် တော် အ ရာ ရှိ အ ပေါင်း တို့ သည် တိုင် ပင် ပြီး လျှင် ယေ ရှု ကို ချည် နှောင် ယူ သွား၍ ပိ လတ် မင်း ထံ ပို့ အပ် ကြ၏။ Judson Bible နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများသည် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများမှစ၍ တရားလွှတ်တော်အဖွဲ့ဝင်အားလုံးနှင့်အတူ ချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးလျှင် ယေရှုကိုချည်နှောင်လျက်ခေါ်ဆောင်သွားကာ ပိလတ်မင်းထံအပ်နှံကြ၏။ မြန်မာ နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- |
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
မိုးလင်းချိန်တွင် လူထုအကြီးအကဲများဖြစ်သော ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် စုဝေးကြ၍ ယေရှုကို သူတို့၏တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သော ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိ၏အစေခံယေရှုအား ဘုန်းကြီးစေတော်မူပြီ။ ထိုယေရှုမှာ ပိလတ်မင်းလက်သို့ သင်တို့အပ်နှံ၍ ပိလတ်မင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်သော်လည်း သင်တို့ငြင်းပယ်ကြသောသူပင်ဖြစ်၏။