ထိုအခါ သူတို့က “အခြား မည်သည့်သက်သေ လိုတော့မည်နည်း။ သူ၏နှုတ်မှထွက်ဆိုသည်ကို ငါတို့ကိုယ်တိုင် ကြားရပြီ” ဟု ပြောဆိုကြလေ၏။
ရှင်မာကု 14:64 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို စော်ကားသော သူ၏စကားကို သင်တို့အားလုံး ယခုကြားကြရလေပြီ။ သင်တို့ မည်သို့ထင်မြင်ကြသနည်း” ဟု မေးလျှင် သူတို့အားလုံးက “သူသည် သေဒဏ်ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။ Common Language Bible ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။ ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။- Garrad Bible ပုတ် ခတ် မှု စ ကား ကို သင် တို့ ကြား ကြ ပြီ။ မည် သို့ ထင် မှတ် ကြ သ နည်း ဟု မေး ရာ သေ ဒဏ် ခံ ထိုက် ပါ သည် ဟု ရှိ သ မျှ တို့ ကောက် ယူ ကြ ပြီး လျှင်၊ Judson Bible ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။ မြန်မာ ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။- |
ထိုအခါ သူတို့က “အခြား မည်သည့်သက်သေ လိုတော့မည်နည်း။ သူ၏နှုတ်မှထွက်ဆိုသည်ကို ငါတို့ကိုယ်တိုင် ကြားရပြီ” ဟု ပြောဆိုကြလေ၏။
ဂျူးခေါင်းဆောင်များက “သူသည် မိမိကိုယ်ကိုယ် ဘုရားသားတော်ဖြစ်သည်ဟု ပြောဆိုသောကြောင့် အကျွန်ုပ်တို့၏ တရားဥပဒေအရ သေဒဏ်ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။
ထိုအခါ ဂျူးခေါင်းဆောင်တို့က ယေရှုကို သတ်ရန် ပို၍အားထုတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်စည်းကမ်းကို ချိုးဖောက်သည်သာမက ဘုရားသခင်ကိုလည်း ခမည်းတော်ဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားနှင့် တန်းတူထားတော်မူသောကြောင့်ဖြစ်၏။