သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ရှင်မာကု 13:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုအရာများသည် မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီ၌ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာလျှင် သိတော်မူ၏။ Common Language Bible ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။- Garrad Bible သို့ ရာ တွင် ထို နေ့ ရက် နာ ရီ ကို မည် သူ မျှ မ သိ။ ကောင်း ကင် ဘုံ ရှိ စေ တ မန် တော် များ မ သိ။ သား တော် လည်း မ သိ၊ ခ မည်း တော် သာ သိ တော် မူ ၏။ Judson Bible ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုနေ့ရက်၊ သို့မဟုတ် ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်ရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ။ မြန်မာ ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။- |
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ကာလအတန်ကြာသော် ထိုအစေခံတို့၏ သခင်သည် ခရီးမှ ပြန်ရောက်လာ၍ သူတို့နှင့် စာရင်းရှင်းလေ၏။
သန်းခေါင်ယံအချိန်၌ ‘သတို့သား ရောက်လာပြီ။ သူ့အား ထွက်၍ ကြိုဆိုကြလော့’ ဟူသော အော်ဟစ်သံကို ကြားကြသောအခါ
ယေရှုက “ခမည်းတော်၏ အခွင့်အာဏာတော်နှင့် ချမှတ်ထားတော်မူသော အချိန်ကာလကို သင်တို့သိခွင့်မရကြ။
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။