ရှင်မာကု 13:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူစဉ် တပည့်တော်တစ်ဦးက “ဆရာတော်… ကြည့်တော်မူပါ။ အံ့ဖွယ်အဆောက်အအုံများနှင့် အံ့ဖွယ်ကျောက်တုံးကြီးများပင် ဖြစ်ပါသည်” ဟု လျှောက်လေ၏။ Common Language Bible ဗိမာန်တော်မှကိုယ်တော်ထွက်ကြွတော်မူစဉ် တပည့် တော်တစ်ဦးက ``အရှင်ဘုရား၊ ကြည့်တော်မူပါ။ ဤ ကျောက်တုံးများသည်ကြီးမားလှ၍ ဤအဆောက် အအုံများသည်လည်းကြီးကျယ်လှပါသည် တကား'' ဟုလျှောက်ထား၏။ Garrad Bible ဗိ မာန် တော် မှ ထွက် ကြွ တော် မူ စဉ် တ ပည့် တော် တစ် ယောက် က ဆ ရာ၊ ဤ ကျောက် နှင့် အ ဆောင် များ မည် မျှ ကြီး သည် ကို ကြည့် တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဗိမာန်တော်မှထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့ထဲမှ တစ်ပါးက “ဆရာ၊ ကြည့်ပါ။ အလွန်ကြီးမားသောကျောက်တုံးများနှင့် အလွန်ထည်ဝါသောအဆောက်အအုံများပါတကား”ဟု လျှောက်လေ၏။ မြန်မာ ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊- |