သေရာမှရှင်ပြန်ထမြောက်မည့်ကာလတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ ထိုသူတို့သည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့်မည်။
ရှင်မာကု 12:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေရာမှထမြောက်မည့်ကာလတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ ထိုသူတို့သည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြလိမ့်မည်။ Common Language Bible လူတို့သည်သေခြင်းမှထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ဘဲ ကောင်းကင် ဘုံရှိကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့် မည်။- Garrad Bible သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ကြ သော အ ခါ အိမ် ထောင် ခြင်း၊ ပေး စား ခြင်း မ ရှိ။ ကောင်း ကင် ဘုံ ရှိ စေ တ မန် တော် တို့ ကဲ့ သို့ ဖြစ် ကြ ၏။ Judson Bible သေခြင်းမှ ထမြောက်ကြသောအခါ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု၊ ကောင်းကင်တမန်ကဲ့သို့ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူတို့သည် သေသောသူတို့ထဲမှ ထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်ဘုံ၌ရှိသော ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။ မြန်မာ သေခြင်းမှ ထမြောက်ကြသောအခါ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု၊ ကောင်းကင်တမန်ကဲ့သို့ ဖြစ်ကြ၏။- |
သေရာမှရှင်ပြန်ထမြောက်မည့်ကာလတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ ထိုသူတို့သည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့်မည်။
ယေရှုက “သင်တို့သည် ကျမ်းစာတော်ကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
သေလွန်သောသူတို့ပြန်ရှင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်းကို မီးလောင်နေသောချုံပုတ်အကြောင်းတွင် မောရှေ ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။