ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ရှင်မာကု 11:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညနေခင်း ရောက်သောအခါ ယေရှုနှင့် တပည့်တော်တို့သည် မြို့မှ ထွက်သွားကြ၏။ Common Language Bible နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။ Garrad Bible ကိုယ် တော် သည် ည နေ ချမ်း အ ချိန် ကျ ရောက် သော် မြို့ မှ ထွက် ကြွ တော် မူ ၏။ Judson Bible ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မှောင်ရီပျိုးစချိန်ရောက်လာသောအခါ ယေရှုနှင့်တပည့်တော်တို့သည် မြို့ပြင်သို့ထွက်သွားကြ၏။ မြန်မာ ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ |
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွ၍ ဗိမာန်တော်သို့ ဝင်တော်မူလျက် ရှိသမျှအရာတို့ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်းအချိန်ရောက်သဖြင့် တပည့်တော်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွတော်မူ၏။
ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။
ထို့ကြောင့် အလင်းရှိခိုက် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့သည် အလင်း၏သားသမီးများ ဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤအရာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။