ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
ရှင်မာကု 1:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူ၏အနာကြီးရောဂါသည် ချက်ချင်းပျောက်ကင်း၍ စင်ကြယ်သွား၏။ Common Language Bible မိန့်တော်မူသည့်ခဏ၌ ထိုသူသည်ရောဂါပျောက် ၍သန့်စင်သွားလေသည်။- Garrad Bible နူ နာ ပျောက်၍ ထို သူ သန့် ရာ ရောက် ၏။ Judson Bible ထိုသို့ မိန့်တော်မူသည် ခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွား၍ သူသည် စင်ကြယ်ခြင်းသို့ရောက်လေ၏။ မြန်မာ ထိုသို့ မိန့်တော်မူသည် ခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။- |
ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
ကိုယ်တော်သည် ကြွလာ၍ ထိုအမျိုးသမီး၏ လက်ကို ကိုင်လျက် ထူမတော်မူ၏။ ထိုအခါ သူသည် အဖျားပျောက်၍ သူတို့အား ဧည့်ခံလေ၏။
ယေရှုသည် သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်း မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါ ပျောက်ကင်းစင်ကြယ်ကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု တင်းကျပ်စွာ သတိပေး၍ မိန့်တော်မူ၏။
ထိုအခါ ချက်ချင်းပင် သွေးသွန်ခြင်းရပ်သဖြင့် မိမိကိုယ်ခန္ဓာ၌ ထိုရောဂါပျောက်ကင်းသွားကြောင်း ခံစားသိရှိလေ၏။