ထို့ကြောင့် အပြစ်ပြုလိုစိတ်နောက်သို့ မလိုက်မိစေရန် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကို အပြစ်တရားအား အစိုးမရစေနှင့်။
ရောမ 6:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ဘဝတွင် အပြစ်တရား၏ ကြီးစိုးခြင်းကို ဖျက်ဆီးရန်အတွက် အပြစ်ရှိသော ကျွန်ုပ်တို့၏ လူဟောင်းသည် ခရစ်တော်နှင့်အတူ အသေခံခဲ့ကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၏ ကျေးကျွန် မဟုတ်တော့ပေ။ Common Language Bible ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။- Judson Bible ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှာ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။ |
ထို့ကြောင့် အပြစ်ပြုလိုစိတ်နောက်သို့ မလိုက်မိစေရန် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကို အပြစ်တရားအား အစိုးမရစေနှင့်။
သို့သော် ယခုသင်တို့သည် အပြစ်တရားလက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခုသင်တို့သည် သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌ ထာဝရအသက်ကို ရကြ၏။
ပညတ်တရားသည် ဝိညာဉ်ရေးနှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်မှာမူ လူ့ဗီဇစိတ်နှင့်ဆိုင်သောသူဖြစ်ပြီး အပြစ်တရားထံ ရောင်းစားခြင်းခံရသူ ဖြစ်၏။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို လွှမ်းမိုးလျက်ရှိ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံလျှင် လူအပေါင်းတို့သည် ထိုသူနှင့်အတူ အသေခံကြောင်းကို ကျွန်ုပ်တို့သိကြပြီ။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။