သူတစ်ပါးတို့အား အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။
ရောမ 14:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သင်သည် သင်တို့၏ ညီအစ်ကိုမောင်နှမများကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့အား အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ဘုရားသခင်၏ တရားခွင်ရှေ့၌ ကျွန်ုပ်တို့အားလုံး ရောက်ကြရမည်ဖြစ်၏။ Common Language Bible ထို့ကြောင့်သင်တို့သည်အဘယ်ကြောင့်မိမိ တို့၏ခရစ်ယာန်ညီအစ်ကိုများကိုစစ်ကြော စီရင်ကြသနည်း။ အဘယ်ကြောင့်သူတို့အား အထင်သေးကြသနည်း။ ငါတို့အားလုံးပင် တရားစီရင်ခံရရန်ဘုရားသခင်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ကြရမည်။- Garrad Bible တစ် ဦး ကား သင့် ညီ အစ် ကို ကို စီ ရင် ခြင်း၊ တစ် ဦး ကား သင့် ညီ အစ် ကို ကို မ ထီ လေး စား ခြင်း အ ဘယ် ကြောင့် ပြု သ နည်း။ လူ တိုင်း ငါ့ ရှေ့ တွင် ဒူး ထောက် ခြင်း၊ နှုတ် ဖြင့် ငါ ဘု ရား ကို ချီး မွမ်း ခြင်း ပြု ရ လိမ့် မည် ဟု အ သက် တော် ကို တိုင် တည်၍ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရှိ ကြောင်း ကျမ်း ချက် အ ရ ငါ တို့ ရှိ သ မျှ သည် ဘု ရား သ ခင်၏ တ ရား ပ လ္လင် တော် ရှေ့ ရပ် ရ ကြ လိမ့် မည်။ Judson Bible သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။ |
သူတစ်ပါးတို့အား အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။
ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်းဖြစ်သည်ဟု ခံယူကြလျက် သူတစ်ပါးအား မထီမဲ့မြင်ပြုသူတချို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။
ဟေရုဒ်နှင့် သူ၏စစ်သည်တော်များကလည်း ကိုယ်တော်ကို မထီလေးစားဆက်ဆံ၍ ပြက်ရယ်ပြုကာ အလွန်တင့်တယ်သောဝတ်ရုံကို ဝတ်စေလျက် ပိလတ်မင်းထံသို့ ပြန်ပို့လိုက်၏။
လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသကဲ့သို့ သားတော်ကိုလည်း ရိုသေရန် ခမည်းတော်သည် မည်သူ့ကိုမျှ တရားစီရင်တော်မမူဘဲ ထိုတရားစီရင်ပိုင်ခွင့်ရှိသမျှကို သားတော်အား ပေးအပ်တော်မူ၏။ သားတော်ကို မရိုသေသောသူသည် သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသေသောသူဖြစ်၏။
ယေရှုခရစ်တော်က မိမိသည် အသက်ရှင်သောသူနှင့် သေသောသူတို့အား တရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောသူ ဖြစ်ကြောင်းကို လူတို့အား သက်သေခံဟောပြောရန် ကျွန်ုပ်တို့အား မှာကြားထား၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
ကျမ်းစာ၌ ‘တိုက်ဆောက်သောသင်တို့ ပယ်ထားသည့်ကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာ၏’ ဟု ရည်ညွှန်းခံရသူမှာ ဤယေရှုပင်ဖြစ်၏။
ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။