ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။
ရောမ 13:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။ Common Language Bible အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။ Garrad Bible ရုပ် ခ န္ဓာ အ ဖို့၊ ဆိုင် ရာ တပ် မက် ခြင်း များ အ လို့ ငှါ တင် ရင် မ ကြံ စည် ဘဲ အ ရှင် ယေ ရှု ခ ရစ် ကို ဝတ် ဆင် ကြ လော့။ Judson Bible သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။ |
ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
ထိုစည်းမျဉ်းများတွင် ပြင်းပြသောကိုးကွယ်ဆည်းကပ်ခြင်း၊ မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်း၊ ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းတို့ပါဝင်သဖြင့် ပညာရှိသယောင် ထင်ရ၏။ သို့သော်လည်း ၎င်းတို့သည် လူတို့၏ သွေးသားစိတ်ဆန္ဒတပ်မက်မှုများကို ထိန်းချုပ်ရာတွင် အကျိုးမပြုပေ။
ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။