အစ္စရေးလူမျိုးတို့သည် မယုံကြည်သောစိတ်ကို စွန့်လျှင် ကိုင်းဆက်ကူးခွင့်ကို ပြန်၍ ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ပြန်၍ ကိုင်းဆက်ကူးစေရန် တတ်နိုင်တော်မူသောကြောင့် ဖြစ်၏။
ရောမ 11:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် သဘာဝအတိုင်း ရိုင်းသောသံလွင်ပင်မှ ခုတ်ဖြတ်ခြင်းခံရပြီး ကောင်းသောသံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရလျှင် မူရင်းအကိုင်းအခက်တို့ကိုမူ ၎င်းတို့၏အပင်၌ ပို၍ပင် ကိုင်းဆက်ကူးစေနိုင်မည်မဟုတ်လော။ Common Language Bible လူမျိုးခြားဖြစ်သူသင်တို့အားမိမိတို့၏ နဂိုမူရင်းရိုင်းသောသံလွင်မှခုတ်ဖြတ်၍ သင် တို့၏နဂိုမူရင်းမဟုတ်သည့်ယဉ်သောသံလွင် တွင်ကိုင်းဆက်စိုက်ပျိုးတော်မူပါလျှင် ယဉ်သော သံလွင်၏နဂိုမူရင်းအကိုင်းများဖြစ်သည့် ယုဒအမျိုးသားတို့အား မူရင်းသံလွင်ပင် တွင်ပိုမိုလွယ်ကူစွာပြန်လည်ကိုင်းဆက် စိုက်ပျိုးတော်မူမည်မဟုတ်လော။ Garrad Bible ပြ က တေ့ အ တိုင်း ရိုင်း သော သံ လွင် ပင် မှ ဖြတ် ယူ သော သင့် ကို ယဉ် သော သံ လွင် ပင်၌ ပြ က တေ့ နှင့် ဆန့် ကျင် လျက် ဆက် ထား တော် မူ လျှင် ပြ က တေ့ အ ခက် များ ကို မူ ရင်း သံ လွင် ပင် မ၌ သာ၍ ပြန် ဆက် တော် မူ မည် မ ဟုတ် လော။ Judson Bible အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။ |
အစ္စရေးလူမျိုးတို့သည် မယုံကြည်သောစိတ်ကို စွန့်လျှင် ကိုင်းဆက်ကူးခွင့်ကို ပြန်၍ ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ပြန်၍ ကိုင်းဆက်ကူးစေရန် တတ်နိုင်တော်မူသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ယခင်က သင်တို့သည် ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ယခုတွင်မူ အစ္စရေးလူမျိုးတို့၏ မနာခံခြင်းကြောင့် သင်တို့သည် ဘုရားသခင်၏သနားကြင်နာခြင်းကို ခံရကြ၏။