သို့ရာတွင် သင်၏ မျက်စိသည် မကောင်းလျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး မှောင်မိုက်နေလိမ့်မည်။ ထို့ကြောင့် သင့်အထဲ၌ ရှိသည့် အလင်းဟု သင်ထင်မှတ်သောအရာသည် အမှောင်ဖြစ်ပါက ထိုအမှောင်သည် အလွန်မှောင်လိမ့်မည်။
ရောမ 1:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မိမိကိုယ်ကိုယ် ပညာရှင်များဟု ကြွေးကြော်လျက်ပင် ပညာမဲ့များဖြစ်လာကြ၏။ Common Language Bible သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။- Garrad Bible ပ ညာ ရှိ သည် ဟု ကိုယ် ကို ဂုဏ် တင် လျက် လူ မိုက် အ ဖြစ် ရောက်၍၊ Judson Bible ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး |
သို့ရာတွင် သင်၏ မျက်စိသည် မကောင်းလျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး မှောင်မိုက်နေလိမ့်မည်။ ထို့ကြောင့် သင့်အထဲ၌ ရှိသည့် အလင်းဟု သင်ထင်မှတ်သောအရာသည် အမှောင်ဖြစ်ပါက ထိုအမှောင်သည် အလွန်မှောင်လိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။