ယေရှုက “သင်တို့ထံမှ ဘုရားသခင်အလိုရှိတော်မူသော အမှုတော်မှာ မိမိစေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
ယာကုပ် 2:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်ခြင်းနှင့်အတူ ဆောင်ရွက်သည်ကို သင်သိမြင်ရပြီး ထိုလုပ်ဆောင်ခြင်းဖြင့် သူ၏ယုံကြည်ခြင်းသည် ပြီးပြည့်စုံ၏။ Common Language Bible သူ၏ယုံကြည်ခြင်းသည်အကျင့်နှင့်ဒွန်တွဲ လျက်နေသည်ကို သင်မသိမမြင်သလော။ အကျင့်အားဖြင့်သူ၏ယုံကြည်ခြင်းကို ပြည့်ဝစုံလင်၍လာ၏။- Garrad Bible ကိုယ် ကျင့် နှင့် အ တူ ယုံ ကြည် ခြင်း ပြု ပြင် ရာ ကိုယ် ကျင့် အား ဖြင့် ယုံ ကြည် ခြင်း စုံ လင် ရာ ရောက် သည့် အ လျောက်၊ Judson Bible ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။- မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်မှုနှင့်အတူအမှုပြု၍ ထိုလုပ်ဆောင်မှုအားဖြင့် ယုံကြည်ခြင်းသည် စုံလင်ခြင်းသို့ရောက်သည်ကို သင်သိမြင်ရ၏။ |
ယေရှုက “သင်တို့ထံမှ ဘုရားသခင်အလိုရှိတော်မူသော အမှုတော်မှာ မိမိစေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။
ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။