ထို့နောက် ယေရှုသည် တပည့်တော်တို့ကို လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်သို့ သွားနှင့်စေတော်မူ၏။ တစ်ချိန်တည်းတွင် လူထုပရိသတ်တို့ကိုလည်း ပြန်လွှတ်တော်မူ၏။
မဿဲ 8:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မိမိပတ်လည်၌ရှိသော လူထုကို မြင်တော်မူလျှင် တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ ကူးရန် ညွှန်ကြားတော်မူ၏။ Common Language Bible သခင်ယေရှုသည်မိမိပတ်လည်ရှိလူပရိသတ် ကိုတွေ့မြင်တော်မူလျှင် အိုင်တစ်ဖက်သို့ထွက်ခွာ ရန်တပည့်တော်တို့အားအမိန့်ပေးတော်မူ၏။- Garrad Bible ပတ် လည်၌ ကြီး စွာ သော လူ ပ ရိ သတ် ရှိ သည် ကို ယေ ရှု မြင် သော် တစ် ဖက် ကမ်း သို့ ကူး လို ကြောင်း မိန့် တော် မူ လျှင် Judson Bible များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်းတစ်ဖက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မိမိပတ်လည်၌ရှိသောလူထုပရိသတ်ကို မြင်တော်မူသောအခါ ပင်လယ်တစ်ဖက်ကမ်းသို့ကူးသွားရန် အမိန့်ပေးတော်မူ၏။ မြန်မာ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်းတစ်ဖက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။- |
ထို့နောက် ယေရှုသည် တပည့်တော်တို့ကို လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်သို့ သွားနှင့်စေတော်မူ၏။ တစ်ချိန်တည်းတွင် လူထုပရိသတ်တို့ကိုလည်း ပြန်လွှတ်တော်မူ၏။
ယေရှုသည် တောင်ပေါ်မှ ဆင်းကြွတော်မူသောအခါ လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။
ထိုနေ့ ညနေရောက်သောအခါ ယေရှုသည် တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။
ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့် ကူးပြန်၍ အိုင်နားတွင် ရှိတော်မူစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာ၏။
ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို ပြန်လွှတ်တော်မူစဉ် တပည့်တော်တို့ကိုလည်း လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်၌ ရှိသော ဗက်ဇဲဒမြို့သို့ သွားနှင့်စေတော်မူ၏။
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ လှေပေါ်သို့ တစ်ဖန် တက်ပြီးလျှင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် လှေပေါ်သို့ တက်၍ ရွက်လွှင့်ကြ၏။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။