မဿဲ 5:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘လူ့အသက်ကို မသတ်နှင့်။ လူ့အသက်ကို သတ်သောသူသည် အပြစ်စီရင်ခံရလိမ့်မည်’ ဟု ဘိုးဘေးတို့ကို ပညတ်ထားကြောင်း သင်တို့ကြားကြရ၏။ Common Language Bible ``လူ့အသက်ကိုမသတ်ရ။ သတ်သောသူသည် တရားသူကြီး၏ရှေ့မှောက်သို့ရောက်ရမည် ဟူသောပညတ်ကိုသင်တို့ကြားရလေပြီ။- Garrad Bible သူ့ အ သက် ကို မ သတ် ရ၊ မည် သူ မ ဆို သတ် လျှင် တ ရား စီ ရင် ခံ ရ မည် ဟု ရှေး သူ ဟောင်း တို့ အား ဆင့် ဆို ချက် ကို သင် တို့ ကြား ကြ ပြီ။ Judson Bible လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- မြန်မာ့စံမီသမ္မာကျမ်း ‘လူမသတ်ရ။ မည်သူမဆို လူသတ်လျှင် အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏’ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားခဲ့ရ၏။ မြန်မာ လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- |
ထို့ပြင် ‘မဟုတ်မမှန်ဘဲမကျိန်ဆိုရ။ ကတိသစ္စာပြုသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ ဆောင်ရွက်ရမည်’ ဟု ဘိုးဘေးတို့အား ပြောခဲ့သည်ကိုလည်း သင်တို့ကြားရပြီ။
‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။ ရန်သူကို မုန်းလော့’ ဟူသည့် ပညတ်တော်ကို သင်တို့ကြားရပြီ။
မိမိညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမားတွင်မျှ ထာဝရအသက်မရှိကြောင်း သင်တို့သိကြ၏။