လူအုပ်ကြီးသည် အနားတော်တွင် စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
မဿဲ 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။ Common Language Bible ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။- Garrad Bible ထို ပ ရိ သတ် တို့ ကို မြင် တော် မူ သော် ကိုယ် တော် သည် တောင် ပေါ် သို့ တက် ကြွ၍ ထိုင် တော် မူ ပြီး လျှင် လာ ရောက် ချဉ်း ကပ် ကြ သော တ ပည့် တော် တို့ အား နှုတ် မြွက်၍ ဒေ သ နာ ပေး တော် မူ သည် မှာ၊ Judson Bible ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ မြန်မာ ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- |
လူအုပ်ကြီးသည် အနားတော်တွင် စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
ယေရှုသည် ထိုဒေသမှ ထွက်ခွာတော်မူပြီးလျှင် ဂါလိလဲအိုင်နားသို့ ရောက်သော် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။
ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ဂျေရုဆလင်မြို့၊ ယုဒပြည်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူအုပ်ကြီးသည် ယေရှုနောက်တော်သို့ လိုက်ကြ၏။
ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ မိမိအလိုရှိသောသူတချို့ကို ခေါ်တော်မူ၏။ ထိုသူတို့သည် ကိုယ်တော်ထံသို့ လာကြ၏။
ထို့နောက် ယေရှုသည် အိမ်သို့ ဝင်တော်မူလျှင် လူထုပရိသတ်တို့သည် ထပ်မံစုဝေးလာကြ၏။ ထို့ကြောင့် ကိုယ်တော်နှင့် တပည့်တော်တို့သည် အစာစားချိန်ပင် မရကြပေ။
တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည်ဆုတောင်းရန် တောင်ပေါ်သို့တက်ကြွတော်မူ၍ တစ်ညလုံးဘုရားသခင်ထံ ဆုတောင်းတော်မူ၏။
ထို့နောက် ယေရှုသည် သူတို့နှင့်အတူ တောင်ပေါ်မှဆင်း၍ မြေပြန့်နေရာသို့ ရောက်သောအခါ ရပ်တော်မူ၏။ ထိုနေရာတွင် တပည့်တော်စုကြီးအပါအဝင် ယုဒပြည်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့မှလည်းကောင်း ရောက်လာကြသော လူအမြောက်အမြားရှိ၏။
ထို့နောက် ယေရှုသည် သူ၏တပည့်တော်များဘက်သို့ လှည့်၍ မိန့်တော်မူသည်မှာ “ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံ ဖြစ်သောကြောင့်ပင်။
ဤသို့ မိန့်တော်မူပြီးမှ ရှစ်ရက်ကြာသောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်လျက် ဆုတောင်းရန် တောင်ပေါ်သို့ ကြွတော်မူ၏။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။