ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
မဿဲ 4:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်ထောင်ချခံရကြောင်းကို ကြားတော်မူသောအခါ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၏။ Common Language Bible သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။- Garrad Bible ယော ဟန် ပို့ အပ် ခံ ရ သည့် အ ကြောင်း ကို ကြား သော် ကိုယ် တော် သည် ဂါ လိ လဲ နယ် သို့ ထွက်၍ နာ ဇ ရက် မြို့ ကို စွန့် ပြီး လျှင်၊ Judson Bible ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်အကျဉ်းချခံရကြောင်းကို ယေရှုသည်ကြားလျှင် ဂါလိလဲနယ်သို့ ကြွတော်မူ၏။ မြန်မာ ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊- |
ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
ယခင်က ဟေရုဒ်မင်းသည် ညီဖြစ်သူ ဖိလိပ္ပု၏ဇနီးဟေရောဒိကို သိမ်းယူသောကြောင့် ယောဟန်က “ဟေရောဒိကို အရှင်မင်းကြီးသိမ်းယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မညီ” ဟူ၍ ဖော်ပြဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်းသည် ယောဟန်ကိုဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ ထည့်ထားခဲ့၏။
ယောဟန်ထောင်ချခံရပြီးနောက် ယေရှုသည် ဂါလိလဲပြည်သို့ ကြွ၍ ဘုရားသခင်ထံတော်မှ သတင်းကောင်းကို ဟောပြောတော်မူ၏။
ယခင်က ဟေရုဒ်မင်းသည် ဟေရောဒိအတွက်ကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ထည့်ထားခဲ့၏။ ထိုဟေရောဒိမှာ ဟေရုဒ်မင်း၏ ညီဖြစ်သူဖိလိပ္ပု၏ ဇနီးဖြစ်သော်လည်း ဟေရုဒ်မင်းသည် သိမ်းပိုက်လေ၏။
သို့သော် သူတို့က “ဤသူသည် ဂါလိလဲပြည်မှစ၍ ဤဒေသထိတိုင်အောင် ယုဒပြည်တစ်လျှောက်လုံး ဟောပြောသွန်သင်၍ လူတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေပါသည်” ဟု ပို၍ပြင်းထန်စွာ ပြောဆိုကြ၏။
ထိုအခါ ဟေရုဒ်သည် ယောဟန်ကို ထောင်ချသဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် ထပ်ဆင့်အပြစ်တိုးလာလေ၏။
ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။
ထို့နောက် ယေရှုသည် ဂါလိလဲပြည်၊ ကပေရနောင်မြို့သို့ ကြွတော်မူ၍ ဥပုသ်နေ့တိုင်း တရားနာပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲပြည်သို့ ကြွရန် ဆုံးဖြတ်တော်မူ၏။ ထိုအခါ ဖိလိပ္ပုကို တွေ့တော်မူသဖြင့် ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
ဤနိမိတ်လက္ခဏာသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွလာတော်မူပြီးနောက် ယေရှုပြုတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်၏။