ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
မဿဲ 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။ Common Language Bible လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။ Garrad Bible လက် တော် တွင် ဆန် ကော ပါ၍ စ ပါး တော် ကို ကျီ သွင်း ခြင်း၊ အ ဖျင်း ကို မ ငြိမ်း သော မီး နှင့် ကျွမ်း လောင် ခြင်း ပြု လျက် ကောက် နယ် တ လင်း တော် ကို သန့် စင် စေ တော် မူ လိမ့် မည် ဟု ဟော ပြော၏။ Judson Bible လက်တော်တွင် ဆန်ကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့ဟု ယောဟန်ဟောပြော၏။ မြန်မာ့စံမီသမ္မာကျမ်း လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။ မြန်မာ လက်တော်တွင် ဆန်ကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့ဟု ယောဟန်ဟောပြော၏။ |
ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ
ဖြောင့်မတ်သောသူတို့မှာမူ ခမည်းတော်၏နိုင်ငံတော်တွင် နေကဲ့သို့ တောက်ပလိမ့်မည်။ နားရှိသောသူသည် ကြား၍ နားလည်ပါစေ။
ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့ရာတွင် ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကြိုးကို ဖြေပေးရန်ပင် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကိုကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု လူအပေါင်းတို့အား ပြန်ပြော၏။
ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။