အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 27:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် သူတို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် ရိုက်ထား​ပြီးလျှင် အဝတ်တော်တို့​ကို မဲနှိုက်​၍ ခွဲဝေကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကား တင် ပြီး ကြ လျှင် အ ဝတ် တော် များ ကို မဲ ချ ခွဲ ဝေ ကောက် ယူ ကြ လျက်

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

အခန်းကိုကြည့်ပါ။



မဿဲ 27:35
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “အို အဖ… သူတို့​အား​ခွင့်လွှတ်တော်မူပါ။ ထို​သူတို့​သည် မိမိတို့​အဘယ်​အမှု​ပြုနေသည်​ကို​ပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့​သည် အဝတ်တော်​ကို မဲနှိုက်​၍ ခွဲဝေကြ၏။


ထိုသို့​နှုတ်ဆက်တော်မူ​ပြီးနောက် မိမိ​လက်တော်​နှင့် နံဘေးတော်​တွင် ရရှိခဲ့သော ဒဏ်ရာများ​ကို ပြတော်မူ၏။ တပည့်တော်တို့​သည် သခင်ဘုရား​ကို တွေ့မြင်​သောအခါ ဝမ်းမြောက်ကြ၏။


ထို့ကြောင့် တပည့်တော်တို့​က “ငါတို့​သည် သခင့်​ကို မြင်ကြရပြီ” ဟု သောမ​အား ပြောပြကြ၏။ သို့သော် သောမ​က “အရှင့်​လက်တော်တို့​၌ သံရိုက်ရာ​ကို မမြင်ရ၊ ထို​သံရိုက်ရာ​ကို လက်ညှိုး​ဖြင့်​မတို့ရ၊ နံဘေးတော်​ကို လက်​ဖြင့် မစမ်းရ​လျှင် ငါ​မယုံ” ဟု ဆို၏။


ထို့နောက် ယေရှု​သည် သောမ​အား “သင့်​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို စမ်း​၍ ငါ့​လက်တို့​ကို ကြည့်လော့။ သင့်​လက်​ဖြင့် ငါ့​နံဘေး​ရှိ ဒဏ်ရာ​ကိုလည်း စမ်းကြည့်လော့။ သံသယ​မဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏​တိကျသော​အကြံအစည်တော်​အားဖြင့်​လည်းကောင်း၊ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အားဖြင့်​လည်းကောင်း သင်တို့​လက်​၌ အပ်နှံခံရသော​ဤ​ယေရှု​ကို သင်တို့​သည် တရားမဲ့သော​သူတို့​၏​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်တွင် အသေသတ်ခဲ့ကြ၏။


နာဇရက်မြို့သား ယေရှု​ခရစ်တော်​၏​အမည်​နာမ​အားဖြင့် ထို​သူ​သည် သင်တို့​ရှေ့​၌ ကျန်းမာ​သန်စွမ်း​လျက်​ရှိသည်​ကို သင်တို့​မှစ၍ အစ္စရေး​လူမျိုးအပေါင်း​တို့ သိမှတ်ကြလော့။ ထို​ယေရှု​မှာ သင်တို့​လက်ဝါးကပ်တိုင်​တွင် သတ်​သော်လည်း သေခြင်း​မှ ဘုရားသခင်​ရှင်ပြန်​ထမြောက်​စေတော်မူသော​သူ​ဖြစ်၏။