ထိုသူတို့ထဲမှ လူတစ်ဦးသည် ချက်ချင်းပြေး၍ အချဉ်ဖောက်ထားသောစပျစ်ဝိုင်၌ ရေမြှုပ်ကို နှစ်ပြီးလျှင် ကျူရိုးဖျား၌ ချည်လျက် ကိုယ်တော့်ကို သောက်ရန် ပေးလေ၏။
မဿဲ 27:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ၌ စစ်သားများက ဆေးခါးနှင့် ရောစပ်ထားသောစပျစ်ဝိုင်ကို ကိုယ်တော်အား တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင် မသောက်ဘဲနေတော်မူ၏။ Common Language Bible သူတို့သည်ဆေးခါးနှင့်ရောစပ်ထားသောစပျစ် ရည်ကိုကိုယ်တော်အားတိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင်မသောက်ဘဲနေ တော်မူ၏။ Garrad Bible ဆေး ခါး စပ် ထား သော စ ပျစ် ရည် ကို တိုက် ကြ ရာ မြည်း စမ်း ပြီး လျှင် မ သောက် ဘဲ နေ တော် မူ၏။ Judson Bible ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်အား ဆေးခါးနှင့်ရောထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်း၍ သောက်လိုသောစိတ်ရှိတော်မမူချေ။ မြန်မာ ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။- |
ထိုသူတို့ထဲမှ လူတစ်ဦးသည် ချက်ချင်းပြေး၍ အချဉ်ဖောက်ထားသောစပျစ်ဝိုင်၌ ရေမြှုပ်ကို နှစ်ပြီးလျှင် ကျူရိုးဖျား၌ ချည်လျက် ကိုယ်တော့်ကို သောက်ရန် ပေးလေ၏။
စစ်သားများက မုရန်နှင့် ရောစပ်ထားသောစပျစ်ဝိုင်ကို ကိုယ်တော်အား တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် သောက်တော်မမူ။
ဘုရားသခင်ကို စွန့်သွားသောသူတို့အား တစ်ဖန် နောင်တရစေရန် မည်သို့ဖြစ်နိုင်တော့မည်နည်း။ တစ်ချိန်က ထိုသူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းကို ရ၍ ကောင်းကင်ဘုံမှ ကျေးဇူးတော်ကို မြည်းစမ်းကာ သန့်ရှင်းသောဝိညာဉ်တော်၏ကောင်းချီးကို ခံစားရသည့်သူများဖြစ်ခဲ့ကြ၏။