ထို့နောက် ပေတရုသည် ဝင်းတံခါးဘက်သို့ ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီးတစ်ဦးသည် သူ့ကို သတိပြုမိသဖြင့် အနား၌ရှိသောလူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သည်” ဟု ဆို၏။
မဿဲ 26:72 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက နောက်တစ်ဖန် “ထိုသူကို ငါမသိ” ဟု ကျိန်ဆို၍ ငြင်းဆိုပြန်၏။ Common Language Bible ပေတရုက ``ထိုသူကိုငါမသိ'' ဟုကျိန်ဆိုပြန်၏။ Garrad Bible ထို လူ ကို ငါ မ သိ ဟု ကျိန်၍ ငြင်း ဆို ပြန်၏။ Judson Bible ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တစ်ဖန် ငြင်းခုံပြန်၏။- မြန်မာ့စံမီသမ္မာကျမ်း ပေတရုကလည်း “ထိုလူကိုငါမသိ”ဟု တစ်ဖန်ကျိန်တွယ်လျက် ငြင်းဆိုလေ၏။ မြန်မာ ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တစ်ဖန် ငြင်းခုံပြန်၏။- |
ထို့နောက် ပေတရုသည် ဝင်းတံခါးဘက်သို့ ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီးတစ်ဦးသည် သူ့ကို သတိပြုမိသဖြင့် အနား၌ရှိသောလူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သည်” ဟု ဆို၏။
ထို့နောက် အချိန်အနည်းငယ်ကြာသော် ထိုနေရာ၌ ရပ်နေသော သူတို့က ပေတရုအနားသို့ လာပြီးလျှင် “သင်သည်လည်း အမှန်ပင်ယေရှုနှင့်အတူရှိခဲ့သောသူဖြစ်၏။ သင်၏ လေယူလေသိမ်းကို နားထောင်ခြင်းအားဖြင့် သိနိုင်၏” ဟု ဆိုကြ၏။
ပေတရုကလည်း “ထိုသူကို ငါမသိပါ” ဟု တိုင်တည်၍ ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
ယေရှုက “ပေတရု၊ သင့်အားငါပြောဆိုသည်မှာ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။