မဿဲ 24:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နေရာတိုင်း၌ မတရားမှုပြုသောသူတို့သည် များပြားလာသောကြောင့် လူများစွာတို့၏ ချစ်ခြင်းမေတ္တာသည်လည်း ခေါင်းပါးလာလိမ့်မည်။ Common Language Bible ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။- Garrad Bible အ ဓ မ္မ မှု ထူ ထပ် သည် ဖြစ်၍ အ များ တို့၌ မေ တ္တာ ပြယ် လိမ့် မည်။ Judson Bible မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း တရားမဲ့ခြင်းသည်လည်း များပြားလာသဖြင့် များစွာသောလူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ မြန်မာ မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။- |
ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။
သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်။ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူဖြစ်ရန် အလိုရှိ၏။