သင်တို့အား ခေါင်းဆောင်ဟု ခေါ်ဝေါ်သည်ကိုလည်း မခံကြနှင့်။ သင်တို့တွင် ခရစ်တော်ဟူသော ခေါင်းဆောင်တစ်ပါးတည်းရှိ၏။
မဿဲ 23:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကမ္ဘာမြေပေါ်၌ မည်သူ့ကိုမျှ အဖဟု မခေါ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံတွင် သင်တို့၏ အဖတစ်ပါးတည်းရှိတော်မူသောကြောင့်ဖြစ်၏။ Common Language Bible ဤလောကတွင်အဘယ်သူကိုမျှ `အဖ' ဟုမခေါ် ကြနှင့်။ သင်တို့တွင်ကောင်းကင်ဘုံရှင်အဖတစ်ပါး တည်းသာရှိ၏။- Garrad Bible မြေ ကြီး ပေါ် ရှိ မည် သူ့ ကို မျှ အ ဘ ဟူ၍ မ ခေါ် ကြ နှင့်။ သင် တို့၌ ကောင်း ကင် ဘုံ စံ အ ဘ တစ် ပါး တည်း ရှိ၏။ Judson Bible မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တစ်ပါးတည်းရှိတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း မြေကြီးပေါ်၌ မည်သူ့ကိုမျှ အဖဟူ၍လည်း မခေါ်ကြနှင့်။ အကြောင်းမူကား သင်တို့တွင် ကောင်းကင်ဘုံရှင် အဖတစ်ပါးတည်းရှိတော်မူ၏။ မြန်မာ မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တစ်ပါးတည်းရှိတော်မူ၏။- |
သင်တို့အား ခေါင်းဆောင်ဟု ခေါ်ဝေါ်သည်ကိုလည်း မခံကြနှင့်။ သင်တို့တွင် ခရစ်တော်ဟူသော ခေါင်းဆောင်တစ်ပါးတည်းရှိ၏။
ဘုရားသခင်ကို မကိုးကွယ်သောသူတို့သည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း အမှန်သိမြင်တော်မူ၏။
သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော်
သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
ထို့ပြင် ကျွန်ုပ်တို့သည် မိမိတို့အား ပဲ့ပြင်ဆုံးမသည့် လူ့ဖခင်များကို ရိုသေလေးစားကြလျှင် ဝိညာဉ်ဖခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ပို၍ နာခံလျက် အသက်ရှင်နေထိုင်ရမည်မဟုတ်လော။
ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။