မျက်မမြင်သောလမ်းပြတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့က ‘တစ်စုံတစ်ဦးသည် ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလျှင်မတည်နိုင်ပါ။ ဗိမာန်တော်အတွင်းရှိ ရွှေကိုတိုင်တည်၍ ကျိန်ဆိုမှသာ တည်သည်’ ဟု ဆိုတတ်ကြသောကြောင့်ဖြစ်၏။
မဿဲ 23:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ‘တစ်စုံတစ်ဦးသည် ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုလျှင်မတည်နိုင်ပါ။ ယဇ်ပလ္လင်ပေါ်ရှိ လှူဖွယ်ပစ္စည်းကိုတိုင်တည်၍ ကျိန်ဆိုမှသာ တည်သည်’ ဟု ဆိုတတ်ကြ၏။ Common Language Bible လူတစ်စုံတစ်ယောက်သည်ယဇ်ပလ္လင်ကိုတိုင်တည် ၍ကျိန်ဆိုလျှင်ထိုကျိန်ဆိုချက်သည်အတည် မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိပူဇော်သကာကိုတိုင်တည် ၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင် တို့ဆိုကြ၏။- Garrad Bible ၎င်း ပြင် သင် တို့ က မည် သူ မ ဆို ပူ ဇော် ရာ ပ လ္လင် ကို တိုင် တည်၍ ကျိန် ဆို လျှင် တာ ဝန် မ ရှိ။ ပ လ္လင် ပေါ် ရှိ ပူ ဇော် သ က္ကာ ကို တိုင် တည်၍ ကျိန် ဆို လျှင် မူ ကား တာ ဝန် ရှိ သေး ၏ ဟု ဆို ကြ သေး ၏။ Judson Bible တစ်နည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သကာကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သင်တို့က ‘မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ယဇ်ပလ္လင်ပေါ်၌ရှိသော ပူဇော်သက္ကာကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန် တာဝန်ရှိ၏’ဟု ဆိုကြ၏။ မြန်မာ တစ်နည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သကာကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။- |
မျက်မမြင်သောလမ်းပြတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့က ‘တစ်စုံတစ်ဦးသည် ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလျှင်မတည်နိုင်ပါ။ ဗိမာန်တော်အတွင်းရှိ ရွှေကိုတိုင်တည်၍ ကျိန်ဆိုမှသာ တည်သည်’ ဟု ဆိုတတ်ကြသောကြောင့်ဖြစ်၏။
မိုက်မဲသောမျက်မမြင်တို့… မည်သည့်အရာသည် သာ၍ ကြီးမြတ်သနည်း။ ထိုရွှေလော၊ သို့မဟုတ် ထိုရွှေကို သန့်ရှင်းစေသောဗိမာန်တော်လော။
မျက်မမြင်တို့… မည်သည့်အရာသည် ပို၍ ကြီးမြတ်သနည်း။ လှူဖွယ်ပစ္စည်းလော၊ သို့မဟုတ် ထိုလှူဖွယ်ပစ္စည်းကို သန့်ရှင်းစေသောယဇ်ပလ္လင်လော။
သင်တို့ကမူ ‘မိဘအား ထောက်ပံ့ရမည့် ပစ္စည်းရှိသော်လည်း ထိုပစ္စည်းကို ဘုရားသခင်အား လှူဒါန်းပြီးဖြစ်ပါက သူတို့ကို ထောက်ပံ့ရန် မလိုတော့’ ဟု သွန်သင်ကြ၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတိုင်းသည် ပညတ်တရားအားလုံးကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျွန်ုပ်ထပ်မံ သတိပေး၏။