Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 မျက်မမြင်သော​လမ်းပြတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​က ‘တစ်စုံတစ်ဦး​သည် ဗိမာန်တော်​ကို တိုင်တည်​၍ ကျိန်ဆို​လျှင်​မတည်နိုင်ပါ။ ဗိမာန်တော်​အတွင်း​ရှိ ရွှေ​ကို​တိုင်တည်​၍ ကျိန်ဆို​မှသာ တည်သည်’ ဟု ဆိုတတ်ကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ``လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​အမင်္ဂ​လာ ရှိ​ကြ​၏။ `လူ​တစ်​စုံ​တစ်​ယောက်​သည်​ဗိ​မာန်​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင် ထို​ကျိန်​ဆို​ချက်​သည် အ​တည်​မ​ဖြစ်။ သို့​သော်​ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင်​တို့​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မျက် မ မြင် လမ်း ပြ တို့ သင် တို၌ အ မင်္ဂ လာ ရှိ၏။ မည် သူ မ ဆို ဗိ မာန် တော် ကို တိုင် တည်၍ ကျိန် ဆို လျှင် တာ ဝန် မ ရှိ။ ဗိ မာန် တော် ရွှေ ကို တိုင် တည်၍ ကျိန် လျှင် မူ ကား တာ ဝန် ရှိ သည် ဟု သင် တို့ ဆို ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ဗိ​မာန်​တော်​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လျှင် မ​တည်။ ဗိ​မာန်​တော်၏ ရွှေ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် တည်​သည်​ဟု သင်​တို့​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 မျက်စိ​မ​မြင်​သော​လမ်းပြ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ သင်​တို့​က ‘မည်သူမဆို ဗိမာန်​တော်​ကို တိုင်တည်​ပြောဆို​လျှင် အကျုံး​မ​ဝင်။ သို့သော် ဗိမာန်​တော်​၏​ရွှေ​ကို တိုင်တည်​ပြောဆို​လျှင် ထို​အတိုင်း​ပြု​ရန်​တာဝန်​ရှိ​၏’ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ဗိ​မာန်​တော်​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လျှင် မ​တည်။ ဗိ​မာန်​တော်၏ ရွှေ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် တည်​သည်​ဟု သင်​တို့​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:16
14 ပူးပေါင်းရင်းမြစ်များ  

သူတို့​ဘာသာ ရှိပါစေ။ ထို​သူတို့​သည် မျက်မမြင်တို့​ကို လမ်းပြသော​မျက်မမြင်များ​ဖြစ်ကြ၏။ မျက်မမြင်​တစ်ဦး​သည် အခြား​မျက်မမြင်​တစ်ဦး​ကို လမ်းပြ​ပါက နှစ်ဦးလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


မိုက်မဲသော​မျက်မမြင်တို့… မည်သည့်​အရာ​သည် သာ​၍ ကြီးမြတ်​သနည်း။ ထို​ရွှေ​လော၊ သို့မဟုတ် ထို​ရွှေ​ကို သန့်ရှင်းစေသော​ဗိမာန်တော်​လော။


မျက်မမြင်တို့… မည်သည့်​အရာ​သည် ပို​၍ ကြီးမြတ်​သနည်း။ လှူဖွယ်ပစ္စည်း​လော၊ သို့မဟုတ် ထို​လှူဖွယ်ပစ္စည်း​ကို သန့်ရှင်းစေသော​ယဇ်ပလ္လင်​လော။


မျက်မမြင်သော​လမ်းပြတို့… သင်တို့​သည် ခြင်တစ်ကောင်​ကိုမျှ မမျိုမိ​စေရန် ရေကို​စစ်ကြ​သော်လည်း ကုလားအုတ်​ကိုမူ မျိုချကြပြီ။


အို မျက်မမြင်သော​ဖာရိရှဲ… ခွက်​နှင့်​ပန်းကန်​၏ အတွင်းဘက်​ကို ဦးစွာ​ဆေးကြောလော့။ ထိုသို့ပြုလျှင် အပြင်ဘက်​သည်လည်း သန့်ရှင်း​လိမ့်မည်။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသော​သူတိုင်း​သည် ပညတ်တရား​အားလုံး​ကို လိုက်နာ​ဆောင်ရွက်ရမည်​ဖြစ်ကြောင်း ကျွန်ုပ်​ထပ်မံ သတိပေး၏။


ညီအစ်ကို မောင်နှမတို့… အထူး​သဖြင့် ကောင်းကင်​ကို​ဖြစ်စေ၊ မြေကြီး​ကို​ဖြစ်စေ၊ အခြား​အရာ​ကို​ဖြစ်စေ တိုင်တည်​၍ မကျိန်ဆိုကြနှင့်။ ဟုတ်​လျှင် ဟုတ်ကြောင်း၊ မဟုတ်​လျှင် မဟုတ်ကြောင်း ပြောကြလော့။ သို့မှသာ အပြစ်စီရင်တော်မူခြင်း​နှင့် ကင်းလွတ်​နိုင်လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ