အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
မဿဲ 22:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ခရစ်တော်ကို မည်သို့ထင်မှတ်ကြသနည်း။ မည်သည့်မျိုးဆက်မှ မွေးဖွားလာသောသူဖြစ်သနည်း” ဟု မေးတော်မူလျှင် ဖာရိရှဲတို့က “ဒါဝိဒ်မင်း၏ သားတော်ဖြစ်သည်” ဟု လျှောက်ကြ၏။ Judson Bible အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း “သင်တို့သည် ခရစ်တော်နှင့်ပတ်သက်၍ မည်သို့ ထင်မြင်ကြသနည်း။ သူသည် မည်သူ၏သားဖြစ်သနည်း”ဟု မေးတော်မူလျှင် သူတို့က “ဒါဝိဒ်၏သားဖြစ်ပါသည်”ဟု ပြန်လျှောက်ကြ၏။ မြန်မာ အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊- |
အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
ယေရှုရှေ့တော်နှင့် နောက်တော်တွင် လိုက်ပါသောလူထုတို့က “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော။ ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော” ဟု ကြွေးကြော်ကြ၏။
ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
ယေရှုသည် ထိုနေရာမှ ထွက်ကြွတော်မူစဉ် မျက်မမြင်နှစ်ယောက်က “ဒါဝိဒ်မင်း၏သားတော် ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်လျက် နောက်တော်သို့ လိုက်ကြ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။