ယေရှုသည် ဂျေရုဆလင်မြို့သို့ ဝင်တော်မူသော် တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ကာ “ဤသူသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
မဿဲ 21:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုရှေ့တော်နှင့် နောက်တော်တွင် လိုက်ပါသောလူထုတို့က “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော။ ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော” ဟု ကြွေးကြော်ကြ၏။ Common Language Bible ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။ Garrad Bible ရှေ့ နောက် လိုက် ပါ သူ လူ ပ ရိ သတ် က လည်း ဒါ ဝိဒ် မင်း သား တော် အား အောင် သံ ပေး ကြ ပါ စေ။ ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ သော အ ရှင်၌ မင်္ဂ လာ ရှိ ပါ စေ သော၊ ကောင်း ကင် ဘ ဝဂ် ဝယ် လည်း အောင် သံ ပေး ကြ ပါ စေ သ တည်း ဟူ၍ ကြွေး ကြော် ကြ ကုန် ၏။ Judson Bible ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။ မြန်မာ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- |
ယေရှုသည် ဂျေရုဆလင်မြို့သို့ ဝင်တော်မူသော် တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ကာ “ဤသူသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုပြုသော အံ့ဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော” ဟု ဗိမာန်တော်၌ ကလေးငယ်များအော်ဟစ်ကြသည်ကိုလည်းကောင်း မြင်လျှင် ဒေါသထွက်ကြ၏။
သင်တို့အား ငါပြောဆိုသည်မှာ ‘ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော’ ဟူ၍ သင်တို့မကြွေးကြော်မီအထိ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုနေရာမှ ထွက်ကြွတော်မူစဉ် မျက်မမြင်နှစ်ယောက်က “ဒါဝိဒ်မင်း၏သားတော် ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်လျက် နောက်တော်သို့ လိုက်ကြ၏။
ကြည့်လော့။ သင်တို့အိမ်သည် စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ သင်တို့အား ငါပြောဆိုသည်မှာ ‘ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော’ ဟူ၍ သင်တို့မကြွေးကြော်မီအထိ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။