ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
မဿဲ 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဟေရုဒ်မင်းသည် ပညာရှိများကို တိတ်တဆိတ်ခေါ်ကာ ကြယ်ပေါ်ထွန်းသည့် အချိန်အတိအကျကို မေးမြန်းလေ၏။ Common Language Bible ထိုအခါဟေရုဒ်မင်းသည်ပညာရှိတို့ကိုလျှို့ ဝှက်စွာခေါ်၍ ကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုသေချာစွာစုံစမ်းမေးမြန်းတော်မူ၏။- Garrad Bible ထို အ ခါ ဟေ ရုဒ် မင်း သည် ဆို ခဲ့ သော ပ ညာ ရှိ တို့ ကို တိတ် ဆိတ် စွာ ခေါ်၍ ကြယ် ပေါ် သည့် ကာ လ ကို မေး မြန်း ကြား သိ ပြီး သော် Judson Bible ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့ကို တိတ်တဆိတ်ခေါ်၍ ကြယ်ပေါ်ထွန်းသည့်အချိန်ကာလကို သူတို့ထံမှ သေချာစွာလေ့လာစိစစ်ပြီးမှ မြန်မာ ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊- |
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
ဟေရုဒ်မင်းသည် မိမိကို ပညာရှိများလှည့်ဖြားကြောင်း သိမြင်သောအခါ ပြင်းစွာအမျက်ထွက်လေ၏။ ထို့နောက် ပညာရှိများထံမှ စုံစမ်းမေးမြန်းထားသော ကြယ်ပေါ်ထွန်းသည့် အချိန်ကာလကို အခြေခံလျက် စစ်သားများအား ဗက်လင်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသသို့ စေလွှတ်ကာ နှစ်နှစ်အရွယ်မှစ၍ နှစ်နှစ်အောက် သားယောက်ျားအားလုံးကို သတ်စေ၏။
ထို့နောက် ဟေရုဒ်မင်းက “ဗက်လင်မြို့သို့ သွား၍ ထိုသူငယ်ကို သေချာရှာဖွေကြလော့။ ရှာတွေ့သောအခါ ငါကိုယ်တိုင် သွားရောက်ဖူးမြော်နိုင်ရန် ငါ့ထံ ပြန်လာ၍ အကြောင်းကြားကြလော့” ဟု မှာကြားကာ စေလွှတ်လေ၏။
သို့သော် ခရစ်တော်၏တရားလမ်းကို ကောင်းစွာသိရှိထားသောကြောင့် ဖေလဇ်မင်းက “သင်တို့အမှုကို တပ်မှူးကြီးလုသိရောက်လာသောအခါ ငါစစ်ဆေးဆုံးဖြတ်မည်” ဟု ဆိုကာ ထိုအမှုကို ရွှေ့ဆိုင်းလေ၏။
ထို့နောက် နဂါးသည် အမျိုးသမီးကို ရေ၌ မျောပါသွားစေရန် အမျိုးသမီးနောက်သို့ သူ၏ ခံတွင်းမှ ရေကို မြစ်ရေစီးသကဲ့သို့မှုတ်ထုတ်လိုက်၏။