ထိုကဲ့သို့ပင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤကလေးငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
မဿဲ 18:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏ညီအစ်ကိုမောင်နှမတစ်ဦးသည် သင့်ကို ပြစ်မှားလျှင် သူ့ထံသို့ သွား၍ သူ၏အပြစ်ကို နှစ်ကိုယ်ကြားဖော်ပြလော့။ ထိုသူသည် သင့်စကားကို နားထောင်လျှင် သင်သည် ထိုသူကို ပြန်ရရှိပြီ။ Common Language Bible ``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင်သူ့ အပြစ်ကိုဖော်ပြရန်သူ့ထံသို့သွားလော့။ သို့ရာ တွင်သင်တို့နှစ်ယောက်တည်းသာတွေ့ဆုံ၍ပြော ဆိုလော့။ သင်၏စကားကိုနားထောင်လျှင်ထို ညီအစ်ကိုနှင့်သင်သည်ပြန်၍သင့်မြတ်သွား လေပြီ။- Garrad Bible ၎င်း ပြင် ညီ အစ် ကို ချင်း သည် သင့် ကို ပြစ် မှား မိ လျှင် သူ့ အ ပြစ် ကို နှစ် ယောက် တည်း ဖော် ပြ ရန် သွား လော့။ သင်၏ စ ကား ကို နာ ယူ လျှင် ထို ညီ အစ် ကို ကို သင် ရ လေ ပြီ။ Judson Bible ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကို နားထောင်လျှင် ညီအစ်ကို ကိုရပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။ မြန်မာ ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကို နားထောင်လျှင် ညီအစ်ကို ကိုရပြီ။- |
ထိုကဲ့သို့ပင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤကလေးငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
ထိုအခါ ပေတရုသည် ယေရှုထံသို့ ချဉ်းကပ်၍ “သခင်… အကျွန်ုပ်ကို အပြစ်ကျူးလွန်သောညီအစ်ကိုအား အကြိမ်မည်မျှ ခွင့်လွှတ်ရမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော” ဟု မေးလျှောက်လေ၏။
ထိုနည်းတူ သင်တို့တစ်ဦးချင်းသည် မိမိညီအစ်ကိုမောင်နှမကို စိတ်ရင်းအမှန်ဖြင့် ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော်သည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူမည်မဟုတ်” ဟု မိန့်တော်မူ၏။
မကောင်းမှု၏ အနိုင်ယူခြင်းကို မခံနှင့်။ ကောင်းမှုပြုခြင်းဖြင့် မကောင်းမှုကို အနိုင်ယူလော့။
ထိုသို့ အခြားယုံကြည်သူများ၏ အသိစိတ်၌ မှားယွင်းသည်ဟု ခံယူထားသောအရာကို လုပ်ဆောင်ရန် အားပေးခြင်းမှာ သင်သည် ထိုသူတို့ကို သာမက ခရစ်တော်ကိုလည်း ပြစ်မှားခြင်းပင်ဖြစ်၏။
ထို့ကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်သော်လည်း ထိုသို့ရေးရခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့် မဟုတ်သကဲ့သို့ နစ်နာသောသူအတွက်ကြောင့်လည်း မဟုတ်။ သင်တို့သည် ဘုရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့ကို မည်မျှ ချစ်ခင်ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်နိုင်ရန်သာဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။
တစ်ဦးနှင့်တစ်ဦး အပြစ်တင်စရာရှိလျှင် အချင်းချင်း သည်းခံ၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရားသည် သင်တို့ကို ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။
ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
သို့သော်လည်း ထိုသူကို ရန်သူအဖြစ် သဘောမထားဘဲ ယုံကြည်သူချင်း ကဲ့သို့ သတိပေးကြလော့။
စိတ်ဝမ်းကွဲစေတတ်သောသူကို နှစ်ကြိမ်ထိတိုင် သတိပေးပြီးနောက် မနာခံလျှင် ထိုသူနှင့် အဆက်အသွယ်ဖြတ်လော့။
ထိုနည်းတူ ဇနီးသည်တို့… သင်တို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့ခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကို မယုံကြည်သော်လည်း သင်တို့၏ ဘုရားတရားရိုသေကိုင်းရှိုင်း၍ သန့်ရှင်းစင်ကြယ်သောပြုမူနေထိုင်ပုံကို မြင်သဖြင့် စကားတစ်ခွန်းမျှပင် မလိုဘဲ ယုံကြည်လာလိမ့်မည်။