သင်တို့သည် ငါ့စကားကို လက်ခံနိုင်ပါက ‘ဧလိယကြွလာမည်’ ဟူသော ပရောဖက်များ၏ ဟောပြောချက်သည် ယောဟန်ကို ရည်ညွှန်း၏။
မဿဲ 17:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့က “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု ယေရှုအား မေးလျှောက်ကြ၏။ Common Language Bible တပည့်တော်တို့က ``ဦးစွာပထမဧလိယ ကြွလာမည်ဟုကျမ်းတတ်ဆရာတို့အဘယ် ကြောင့်ဆိုပါသနည်း'' ဟုကိုယ်တော်အားမေး လျှောက်ကြ၏။ Garrad Bible တ ပည့် တော် တို့ က လည်း သို့ ဖြစ် လျှင် ဧ လိ ယ လာ နှင့် ရ မည် ဟူ၍ ကျမ်း တတ် ဆ ရာ တို့ အ ဘယ့် ကြောင့် ဆို ကြ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ Judson Bible ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့က “သို့ဖြစ်လျှင် ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အား မေးလျှောက်ကြ၏။ မြန်မာ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- |
သင်တို့သည် ငါ့စကားကို လက်ခံနိုင်ပါက ‘ဧလိယကြွလာမည်’ ဟူသော ပရောဖက်များ၏ ဟောပြောချက်သည် ယောဟန်ကို ရည်ညွှန်း၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က ယေရမိ၊ သို့မဟုတ် အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
ထို့နောက် တပည့်တော်တို့က ယေရှုအား “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု မေးလျှောက်ကြ၏။
ထိုသူတို့က “သို့ဖြစ်လျှင် သင်သည် မည်သူနည်း။ ဧလိယလော” ဟု မေးကြ၏။ ယောဟန်က “မဟုတ်ပါ” ဟု ဖြေ၏။ သူတို့က “သင်သည် ငါတို့စောင့်မျှော်နေသောပရောဖက်လော” ဟု မေးကြပြန်လျှင် ယောဟန်က “မဟုတ်ပါ” ဟု ဖြေပြန်၏။
“သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာပေးသနည်း” ဟု မေးကြပြန်၏။