“သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရလက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
မဿဲ 15:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့သည်လည်း သင်တို့၏ ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ ပညတ်တော်ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ Common Language Bible ကိုယ်တော်က ``သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်၏ပညတ်တော်တို့ကိုပစ်ပယ်၍ မိမိတို့၏ ထုံးတမ်းစဉ်လာများကိုလိုက်နာကြပါသနည်း။- Garrad Bible ကိုယ် တော် က သင် တို့ လည်း ကိုယ့် ရှေး ထုံး နည်း အ တွက် နှင့် ဘု ရား သ ခင့် ပ ညတ် တော် ကို အ ဘယ် ကြောင့် လွန် ကျူး ကြ သ နည်း။ Judson Bible ကိုယ်တော်က၊ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က“သင်တို့သည်လည်း မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။ မြန်မာ ကိုယ်တော်က၊ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။- |
“သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရလက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
ဘုရားသခင်က ‘မိဘကို ရိုသေလော့။ မိဘကို ကျိန်ဆဲသောသူသည် အမှန်သေရမည်’ ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းကို လက်ဆင့်ကမ်း၍ ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်ကြ၏။ ထိုသို့သော အမှုများစွာတို့ကိုလည်း သင်တို့ပြုကြ၏” ဟု မိန့်တော်မူ၏။
ထိုစည်းမျဉ်းများတွင် ပြင်းပြသောကိုးကွယ်ဆည်းကပ်ခြင်း၊ မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်း၊ ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းတို့ပါဝင်သဖြင့် ပညာရှိသယောင် ထင်ရ၏။ သို့သော်လည်း ၎င်းတို့သည် လူတို့၏ သွေးသားစိတ်ဆန္ဒတပ်မက်မှုများကို ထိန်းချုပ်ရာတွင် အကျိုးမပြုပေ။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
သမ္မာတရားကို ဆန့်ကျင်သူတို့၏ ပညတ်ချက်များနှင့် ဂျူးလူမျိုးတို့၏ ဒဏ္ဍာရီများကို သူတို့သည် ဂရုမစိုက်ဘဲ နေရမည်။