ဤအရာများသည်သာ လူကိုညစ်ညမ်းစေ၏။ လက်မဆေးဘဲအစာစားခြင်းသည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။
မဿဲ 15:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။ Common Language Bible လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။- Garrad Bible မ ကောင်း ကြံ စည် ခြင်း၊ သူ့ အ သက် ကို သတ် ခြင်း၊ သူ့ သား အိမ် ရာ ကို ပြစ် မှား ခြင်း၊ မ တ ရား မေ ထုန် ပြု ခြင်း၊ သူ့ ဥစ္စာ ကို ခိုး ခြင်း၊ မု သာ သက် သေ ခံ ခြင်း၊ ကုန်း ချော ခြင်း များ သည် စိတ် နှ လုံး မှ ထွက် လာ၍၊ Judson Bible မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။ မြန်မာ မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊- |
ဤအရာများသည်သာ လူကိုညစ်ညမ်းစေ၏။ လက်မဆေးဘဲအစာစားခြင်းသည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
ထို့ကြောင့် သင်၏မကောင်းမှုအတွက် နောင်တရ၍ ဘုရားသခင်ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်၏ဆိုးညစ်သောကြံစည်မှုအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မည်။
ကျွန်ုပ်အထဲ၌ တစ်နည်းအားဖြင့် ကျွန်ုပ်၏လူ့ဗီဇစိတ်၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မကိန်းအောင်းသည်ကို ကျွန်ုပ်သိ၏။ မှန်သောအပြုအမူကို ပြုလိုသောစိတ်ရှိသော်လည်း ပြုနိုင်စွမ်းမရှိ။