သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
မဿဲ 13:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။ Common Language Bible နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။- Garrad Bible နေ ထွက် သော အ ခါ အ ပူ လောင်၍ အ မြစ် မ စွဲ သည့် အ တွက် ညှိုး နွမ်း သေ ပျောက်၏။ Judson Bible နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ မြန်မာ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- |
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
တချို့မှာ မြေနည်း၍ ကျောက်ပေါသောနေရာတွင် ကျပြီး မြေတိမ်သောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
တချို့မှာ ဆူးပင်ကြားတွင် ကျသဖြင့် ဆူးပင်တို့သည် ကြီးထွား၍ ထိုအပင်ငယ်တို့ကို ပိတ်ဆို့ထားကြ၏။
သို့သော် နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။
ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာ ခံယူသော်လည်း စိတ်နှလုံးတွင် အမြစ်မစွဲဘဲ ခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာသောအခါ ဖောက်ပြန်တတ်သောသူကို ဆိုလို၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
ကိုယ်တော်ထံ၌ အမြစ်တွယ်၍ တည်ဆောက်ကာ သင်တို့သင်ယူခဲ့ရသည့်အတိုင်း ခိုင်မြဲစွာ ယုံကြည်လျက် ကျေးဇူးတော်ကို အလွန်ချီးမွမ်းကြလော့။
သူတို့သည် နောက်တစ်ဖန် ဆာလောင်တော့မည်မဟုတ်။ ရေငတ်တော့မည်မဟုတ်။ နေရောင်ခြည်နှင့် ပြင်းထန်သောအပူဒဏ်ကြောင့်လည်း ထိခိုက်မှုရှိတော့မည်မဟုတ်။