ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
မဿဲ 13:53 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤ ပုံဥပမာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထိုဒေသမှ ကြွတော်မူ၏။ Common Language Bible ထိုပုံဥပမာများကိုမိန့်ကြားတော်မူပြီးနောက် သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွ၍၊- Garrad Bible ထို ဥ ပ မာ များ ဆုံး သည့် ကာ လ ယေ ရှု သည် ထို အ ရပ် မှ ထွက် ကြွ၍ နေ ရင်း မြို့ သို့ ရောက် လျှင် Judson Bible ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤပုံဥပမာများကို မြွက်ဆိုတော်မူပြီးသောအခါ ထိုအရပ်မှ ထွက်ခွာတော်မူ၏။ မြန်မာ ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။ |
ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
ထိုတရားစကားများကို ဟောပြောသွန်သင်တော်မူပြီးသောအခါ ပရိသတ်တို့သည် ယေရှု၏သွန်သင်ချက်များအပေါ် အံ့သြကြ၏။