ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
မဿဲ 13:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုပိုက်ကွန်တွင် ငါးများပြည့်သောအခါ တံငါတို့သည် ကမ်းသို့ ဆွဲတင်ကြ၏။ ထို့နောက် ထိုင်လျက် ကောင်းသောငါးများကို ခြင်းထဲသို့ရွေးထည့်ကာ မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ၏။ Common Language Bible ပိုက်ကွန်တွင်ငါးအပြည့်ရသောအခါတံငါသည် တို့သည်ထိုပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲ၍တင်ကြ၏။ ထိုနောက်ထိုင်၍ငါးများကိုရွေးကြ၏။ ငါးကောင်း များကိုအိုးများတွင်ထည့်ထားပြီးနောက်ငါးညံ့ များကိုမူအပြင်သို့ပစ်ထုတ်လိုက်ကြ၏။- Garrad Bible အ ပြည့် မိ သော် ကမ်း ပေါ် သို့ ဆွဲ တင် ပြီး လျှင် ထိုင်၍ ငါး ကောင်း များ ကို အိုး များ တွင် ရွေး ချယ် ထည့် ထား လျက် ငါး ညံ့ များ ကို ပစ် လိုက် ကြ၏။ Judson Bible ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါးနှင့်ပြည့်သောအခါ ထိုပိုက်ကွန်ကို ကမ်းပေါ်သို့ဆွဲတင်ကာ ထိုင်လျက် ကောင်းသောငါးများကို ခြင်းတောင်းထဲသို့ခွဲထည့်၍ မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ၏။ မြန်မာ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။- |
ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။
ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည် လာ၍ ဆိုးသွမ်းသူတို့ကို ဖြောင့်မတ်သူများထံမှ ခွဲထားကြမည်။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။
တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသည့် ပေတရုဟု ခေါ်သော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။