အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
မဿဲ 13:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ကုန်သည်တစ်ဦးသည် အရည်အသွေးကောင်းသောပုလဲကို ရှာဖွေနေ၏။ Common Language Bible ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည် ဤအဖြစ်အပျက်နှင့်တူ၏။ ကုန်သည်တစ်ဦးသည် ပုလဲကောင်းကိုရှာလျက်နေ၏။- Garrad Bible တစ် ဖန် တုံ ကောင်း ကင် နိုင် ငံ တော် သည် ပု လဲ ကောင်း ရှာ သော ကုန် သည် နှင့် တူ၏။ Judson Bible တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ကောင်းသောပုလဲကိုရှာဖွေနေသော ကုန်သည်နှင့်တူ၏။ မြန်မာ တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။- |
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
ထိုသူသည် အလွန်အဖိုးတန်သော ပုလဲတစ်လုံးကို တွေ့သောအခါ မိမိ၌ ရှိသောအရာအားလုံးကို ရောင်းချပြီး ထိုပုလဲကို ဝယ်လေ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မိမိအသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်နိုင်မည်နည်း။
သို့သော်လည်း ဖိတ်ခေါ်ခံထားရသောသူများသည် လျစ်လျူရှု၍ တချို့သည် မိမိလယ်သို့လည်းကောင်း၊ တချို့သည် ကုန်သွယ်ရာသို့လည်းကောင်း ထွက်သွားကြ၏။
သန့်ရှင်းစင်ကြယ်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပေးလျှင် သူတို့သည် သင်တို့ဘက်သို့ လှည့်ကာ ကိုက်ကြလိမ့်မည်။ ပုလဲရတနာများကို ဝက်တို့ရှေ့မှာ မချထားနှင့်။ ချထားလျှင် သူတို့သည် ထိုပုလဲတို့ကို ခြေဖြင့် နင်းသွားကြလိမ့်မည်။