သင်တို့ပြောသော စကားများအပေါ်မူတည်၍ အပြစ်ဒဏ်ခံထိုက်သည်၊ မခံထိုက်သည်ကို စီရင်ချက်ချတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
မဿဲ 12:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့တွင် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ “ဆရာတော်… အကျွန်ုပ်တို့အား နိမိတ်လက္ခဏာတစ်ခုကို ပြတော်မူပါ” ဟု လျှောက်ကြ၏။ Common Language Bible အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။ Garrad Bible ထို နောက် ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ အ ချို့ တို့ က ဆ ရာ အ ကျွန်ုပ် တို့ သည် ဆ ရာ ပြ သည့် နိ မိတ် လ က္ခ ဏာ ကို မြင် လို ပါ သည် ဟု ဆို ကြ သော်၊ Judson Bible ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာ တစ်စုံတစ်ခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အချို့သောကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဆရာ၊ အကျွန်ုပ်တို့သည် ဆရာ့ထံမှနိမိတ်လက္ခဏာကို တွေ့မြင်လိုပါသည်”ဟု ကိုယ်တော်အားလျှောက်ကြ၏။ မြန်မာ ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာ တစ်စုံတစ်ခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင်၊- |
သင်တို့ပြောသော စကားများအပေါ်မူတည်၍ အပြစ်ဒဏ်ခံထိုက်သည်၊ မခံထိုက်သည်ကို စီရင်ချက်ချတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
တချို့က ယေရှုကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကို ပြရန် တောင်းဆိုကြ၏။
လူထုပရိသတ်များ ပို၍များပြားလာသောအခါ ယေရှုက “ဤမျိုးဆက်သည် ဆိုးညစ်သောမျိုးဆက်ဖြစ်၏။ သူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
ဂျူးခေါင်းဆောင်တို့က “ဤအခွင့်ကို ဘုရားသခင်ထံမှ ရသည်မှန်လျှင် မည်သည့်နိမိတ်လက္ခဏာအားဖြင့် ငါတို့အား သက်သေပြမည်နည်း” ဟု ဆိုကြ၏။
ထိုအခါ ယေရှုက “သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့က “ဆရာတော်ကို ယုံကြည်စေလိုပါက အကျွန်ုပ်တို့အား နိမိတ်လက္ခဏာကို ပြတော်မူပါ။ မည်သည့် အမှုကို ပြုတော်မူမည်နည်း။
ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကို တောင်းတတ်ကြ၏။ ဂရိလူမျိုးတို့သည် လူ့ဉာဏ်ပညာကို ရှာတတ်ကြ၏။