အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့်အချိန်တိုင်အောင် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် လက်ရှိအချိန်အကြောင်းကို ကြိုတင်ဟောပြောသောကြောင့်ဖြစ်၏။
မဿဲ 11:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ငါ့စကားကို လက်ခံနိုင်ပါက ‘ဧလိယကြွလာမည်’ ဟူသော ပရောဖက်များ၏ ဟောပြောချက်သည် ယောဟန်ကို ရည်ညွှန်း၏။ Common Language Bible ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။- Garrad Bible သင် တို့ သိ လို လျှင် ဤ သူ ကား လာ ရ ဦး မည့် ဧ လိ ယ တည်း။ Judson Bible သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတ္တံ့သော ဧလိယဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် လက်ခံရန် ဆန္ဒရှိလျှင် ဤသူသည် ပေါ်ထွန်းလာရမည့် ဧလိယဖြစ်၏။ မြန်မာ သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတ္တံ့သော ဧလိယဖြစ်သတည်း။- |
အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့်အချိန်တိုင်အောင် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် လက်ရှိအချိန်အကြောင်းကို ကြိုတင်ဟောပြောသောကြောင့်ဖြစ်၏။
သူသည် ဖခင်တို့နှင့် သားသမီးတို့ကို ပြန်လည်သင့်မြတ်စေရန်လည်းကောင်း၊ မနာခံသောသူတို့အား ဖြောင့်မတ်သောသူတို့၏ အသိဉာဏ်ကို ရရှိစေရန်လည်းကောင်း ဧလိယ၏ဝိညာဉ်နှင့် တန်ခိုးတို့ဖြင့် ပြည့်စုံလျက် ကိုယ်တော်၏ ရှေ့တော်ပြေးအဖြစ် သွားလိမ့်မည်။ ဤသည်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားသောလူတို့ကို အသင့်ဖြစ်စေရန်ပင် ဖြစ်၏” ဟု ဆို၏။
ငါသည် သင်တို့ကို ပြောစရာများစွာရှိသော်လည်း ယခုအချိန်တွင် သင်တို့မခံယူနိုင်ကြ။
သင်တို့သည် မာသောအစာကို မစားနိုင်ကြသေးသောကြောင့် နို့ကိုသာ ကျွန်ုပ်တိုက်ကျွေးခဲ့ရ၏။ ယခုတိုင်အောင် သင်တို့သည် မာသောအစာကို မစားနိုင်ကြသေး။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့ပေါ်တွင် ထိုင်နေသောသူတို့ကို ကျွန်ုပ်မြင်ရ၏။ ထိုသူတို့သည် တရားစီရင်ရန် အခွင့်အာဏာအပ်နှင်းခံကြရ၏။ သခင်ယေရှုအကြောင်းကို သက်သေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောကြောင့် ခေါင်းဖြတ်ခံရသောသူတို့၏ ဝိညာဉ်များကိုလည်း ကျွန်ုပ်မြင်ရ၏။ သူတို့သည် သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို မကိုးကွယ်ကြ။ သူတို့၏နဖူးနှင့် လက်များတွင် သားရဲ၏အမှတ်တံဆိပ်ကို မခံယူကြ။ သူတို့သည် အသက်ပြန်ရှင်၍ ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် အုပ်စိုးကြရ၏။