ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။
မဿဲ 10:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ ခါးစည်းထဲတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးစသည်တို့ကို မဆောင်ကြနှင့်။ Common Language Bible ခါးပန်းတွင်ရွှေ၊ ငွေ၊ ပိုက်ဆံတို့ကိုမဆောင်ကြနှင့်။- Garrad Bible ခါး ပန်း များ တွင် ရွှေ ငွေ ကြေး မ ဆောင် ကြ နှင့်။ Judson Bible ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ခါးပန်းတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးတို့ကို မထည့်သွားကြနှင့်။ မြန်မာ ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။- |
ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။
တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာကို ပေးလျက် နှစ်ယောက်စီ စေလွှတ်တော်မူ၏။
ထို့နောက် ယေရှုက “ငါသည် သင်တို့ကို ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်နှင့် ဖိနပ်အပိုတို့ကို မယူစေဘဲ စေလွှတ်ခဲ့စဉ်က သင်တို့သည် တစ်စုံတစ်ခု လိုအပ်ခဲ့သလော” ဟု မေးတော်မူ၏။ တပည့်တော်များက “မည်သည့်အရာမျှ မလိုခဲ့ပါ” ဟု လျှောက်ကြ၏။