ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါအမျိုးမျိုး၊ ဖျားနာခြင်းအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့ကို ပေးတော်မူ၏။
မဿဲ 10:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။ Common Language Bible မကျန်းမာသူတို့ကိုကျန်းမာစေကြလော့။ သေသူ တို့အားပြန်၍ရှင်စေကြလော့။ အရေပြားရောဂါ သည်တို့ကိုသန့်စင်စေကြလော့။ နတ်မိစ္ဆာတို့ကိုနှင် ထုတ်ကြလော့။ သင်တို့သည်ကျေးဇူးတော်ကိုအခ မဲ့ခံစားရကြပြီဖြစ်၍ သူတစ်ပါးတို့အားအခ မယူဘဲပေးကမ်းကြလော့။- Garrad Bible နာ သူ တို့ ကို ကျန်း မာ စေ ကြ လော့၊ သေ သူ တို့ ကို ရှင် ပြန် စေ ကြ လော့၊ နူ သူ တို့ ကို သန့် စေ ကြ လော့။ နတ် များ ကို နှင် ထုတ် ကြ လော့၊ အ ဖိုး မဲ့ ရ ကြ သည့် အ လျောက် အ ခ မဲ့ ပေး ကြ လော့။ Judson Bible နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။- မြန်မာ့စံမီသမ္မာကျမ်း နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။ မြန်မာ နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။- |
ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါအမျိုးမျိုး၊ ဖျားနာခြင်းအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့ကို ပေးတော်မူ၏။
သူတို့ထံသို့ သွား၍ ‘ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီ’ ဟု ဟောပြောကြလော့။
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဖျားနာသောသူများအား ကုသပေး၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လာချိန်နီးပြီ’ ဟု ဟောပြောကြလော့။
သို့ရာတွင် ပေတရုက “ငါ့ထံ၌ ရွှေ၊ ငွေမရှိ။ သို့သော်လည်း ငါ့ထံ၌ရှိသောအရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမ၌ ထ၍ လမ်းလျှောက်လော့” ဟု ပြောလေ၏။
အို ဘုရားသခင်… လူများကို ကျန်းမာစေရန် လက်တော်ကို ဆန့်တော်မူစဉ် သန့်ရှင်းတော်မူသောအစေခံယေရှု၏အမည်နာမအားဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ဖြစ်ပေါ်စေတော်မူပါ” ဟု ဘုရားသခင်ထံ ဆုတောင်းကြ၏။