အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 2:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​သူ​အား မိုးသောက်ကြယ်​ကိုလည်း ငါ​ပေးမည်။

အခန်းကိုကြည့်ပါ။

Garrad Bible

မိုး သောက် ကြယ် ကို လည်း သ နား ဦး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

မိုး​သောက်​ကြယ်​ကို​လည်း ထို​သူ​အား ငါ​ပေး​မည်။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည် မိုးသောက်​ကြယ်​ကို​လည်း ထို​သူ​အား ပေး​မည်။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 2:28
5 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် အပြည့်အဝ​ယုံကြည်​စိတ်ချရသော ပရောဖက်ပြု​ဟောပြောချက်များ​လည်း ကျွန်ုပ်တို့​၌​ရှိ၏။ ထို​ဟောပြောချက်များ​သည် သင်တို့​နှလုံးသား​၌ အရုဏ်တက်​၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်​တိုင်အောင် အမှောင်​အရပ်​တွင် လမ်းပြ​ထွန်းလင်းနေသည့်​ဆီမီး​သဖွယ် ဖြစ်​သောကြောင့် သင်တို့​သည် ထို​ဟောပြောချက်များ​ကို ကောင်းစွာ ဂရုစိုက်​ရမည်။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


ငါ​ယေရှု​သည် အသင်းတော်များ​၌​ရှိသော သင်တို့​အား ဤ​အကြောင်းအရာများ​ကို သက်သေခံ​ရန် ငါ​၏ ကောင်းကင်တမန်​ကို စေလွှတ်ထား၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်၊ ဒါဝိဒ်​၏ အမျိုး​ဖြစ်၏။ တောက်ပသော​မိုးသောက်ကြယ်​လည်း​ဖြစ်၏” ဟု မိန့်တော်မူ၏။