ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ဗျာဒိတ် 14:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲမှ အခြားကောင်းကင်တမန်တစ်ပါးထွက်လာ၏။ သူ၏ လက်ထဲတွင်လည်း ထက်သောတံစဉ်ပါရှိ၏။ Common Language Bible ထိုနောက်အခြားကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံရှိဗိမာန်တော်မှထွက်လာ၏။ ထို သူသည်လည်းထက်သောတံစဉ်ကိုကိုင်ထား၏။ Garrad Bible တစ် ဖန် စေ တ မန် တော် တစ် ပါး သည် ကောင်း ကင် ဘုံ ရှိ ဗိ မာန် တော် မှ ထက် သော တံ စဉ် ကိုင် လျက် ထွက် လာ သည့် အ ပြင်၊ Judson Bible ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သောတံစဉ်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ရှိ ဗိမာန်တော်ထဲမှထွက်လာ၏။ သူ၌လည်း ထက်သောတံစဉ်ပါ၏။ |
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ထိုအခါ မိုးတိမ်ပေါ်၌ ထိုင်နေသောသူသည် မိမိတံစဉ်ဖြင့် ဝှေ့ယမ်းကာ မြေကြီးပေါ်ရှိ သီးနှံများကို ရိတ်သိမ်းတော်မူ၏။
ထိုအခါ မီးကို အုပ်စိုးခွင့်ရှိသည့် ယဇ်ပလ္လင်မှ ထွက်လာသောအခြားကောင်းကင်တမန်တစ်ပါးက တံစဉ်ကိုင်ထားသော ကောင်းကင်တမန်အား “ကမ္ဘာလောကရှိ စပျစ်သီးများ ဝင်းမှည့်ပြီဖြစ်၍ သင်၏ ထက်သောတံစဉ်ဖြင့် ထိုစပျစ်ခိုင်တို့ကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
ထို့နောက် ဗိမာန်တော်ထဲမှ “သွားလော့။ ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသောဖလား ခုနစ်လုံးကို ကမ္ဘာမြေပေါ်သို့ သွန်းလောင်းလော့” ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ကျယ်လောင်စွာ ပြောသည့်အသံကို ကျွန်ုပ်ကြားရ၏။
ထို့နောက် သတ္တမကောင်းကင်တမန်သည် သူ၏ ဖလားကို လေထဲသို့ သွန်းလောင်းလိုက်သောအခါ “အမှုပြီးမြောက်ပြီ” ဟု ဗိမာန်တော်အတွင်းရှိ ရာဇပလ္လင်တော်မှ ကျယ်လောင်စွာ ပြောဆိုသောအသံ ထွက်လာ၏။